၁၉၈၄ တုံးက အီသီယိုးပီးယား အငတ်ဘေး ရန်ပုံငွေရှာဖို့အနေနဲ့ ကမ္ဘာကျော် rock stars တွေ ( အများစုကအင်္ဂလန်ကပါ US ကနောက်နှစ်မှလိုက်လုပ်တယ်) ဒီသီချင်းကို တဦးကိုသီချင်းတကြောင်းဆီဝိုင်းဆိုပြီး ထုတ်ခဲ့ပါတယ်။ အားလုံးက အခကြေးငွေမယူဘဲ ကူညီခဲ့တာပါ။ သီချင်း ရည်ရွယ်ချက် ကောင်းတဲ့အပြင် စာသားနဲ့ တီးလုံးကလဲ ကောင်းလို့ အရမ်းပေါက်သွားတဲ့သီချင်းပါ။
ဒီနှစ်မှာတော့ ရွာတွေမီးရှို့, ဗုံးကြဲ, လက်နက်ကြီးနဲ့ပစ်ခံရလို့ အိုးအိမ်ပစ်ပေးနေရတဲ့ စစ်ဘေးရှောင်တွေ, CDMလုပ်လို့ အလုပ်လက်မဲ့ဖြစ်ပြီး တိမ်းရှောင်နေရသူတွေ, ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွဲခံခဲ့ရလို့သား သမီး အကို ညီမ မိဘ ဆုံးရှုံးခဲ့ရသူတွေနဲ့ ပြည့်နေတဲ့ ဘဦး တို့ မြန်မာ ပြည်သူတွေအတွက် လဲ ဒီသီချင်းဟာရင်နင့်စရာနဲ့ အလွန်ဘဲ ထိမိလှတယ်လို့ ဘဦးခံစားမိပါတယ်။ ပြည်ပမှာ နှင်းမှုံကြားထဲ ခရစ္စမတ် သီချင်းသံတွေနေရာတကာကြားပြီး မိသားစုတွေ ပြန်ဆုံ တဦးနဲ့တဦး လက်ဆောင်ပေးတာတွေမြင်ရတိုင်း ကိုယ့်မြန်မာပြည်သားတွေကိုလဲ အဲဒီလို ငြိမ်းချမ်းမှုတွေနဲ့ ပြည့်ဝစေလိုပါတယ်။
အဲဒီတော့ဘာလုပ်ရမလဲ။ ဆုတောင်းရုံနဲ့တော့ မရပါဘူး။ ဒီ မကောင်းဆိုးရွားမှုတွေကိုယူဆောင်လာသူ စစ်အာဏာရှင်တသိုက် ပြုတ်မှဖြစ်ပါမယ်။ ဒါမှလဲ နောင်တချိန် ငြိမ်းချမ်းတဲ့တနေ့ ခရစ္စမတ်ပွဲတော်ကြီးကို ကျွန်တော်တို့တတွေအားလုံး သီချင်းတွေလွတ်လွတ် လပ်လပ်ဟစ်ကြွေးပြီးခံစားနိုင်မှာဖြစ်ပါတယ်။ အပြုတ်တိုက်ဖို့ ကူညီနိုင်တဲ့နည်းလမ်းတွေကတော့ ကိုယ်သန်ရာသန်ရာပေါ့။ လက်တွေ့ဝင်တိုက်သူတွေကတိုက်နေကြပြီ။ ကိုယ်ကမတိုက်နိုင် မတိုက်ရဲရင် ရံပုံငွေပံ့ပိုးပေးနိုင်ပါတယ်။ ဘယ်လှုရမှန်းမသိရရင်ဘဦးကိုမေးပါ ညွှန်ပြပါမယ်။လောလောဆယ် ဘဦးတော့ ကိုယ်တိုင်မကောက်ပေမဲ့ ဘဦးတို့ Michigan က Freedom Fighters 2021 အဖွဲ့ကလူတွေနဲ့ချိတ်ပေးပါမယ်။ ဖေဖဝါရီလကုန်လောက်မှာ စဖွဲ့ တဲ့ဒီအဖွဲ့ဟာ ခုထိဆို ဒေါ်လာ ၂သိန်းကျော် ဖိုး မြန်မာပြည်ကို ပို့ပြီးခဲ့ပါပြီ။ အစက CDM, နောက်တော့ ဖေါင်းဒိုင်းပေါ့။ ဈေးရောင်းပွဲ ၅ခါ အပြင် အပါတ်စဉ်လဲ on the ground အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးလှုနေပါတယ်။ NUG ရဲ့ overseas fundraising programs ( OFP) တွေ, ခုလောလောဆယ် ကာကွယ်ရေးဝန်ကြီးဌာနက တော်လှန်ရေးမိသားစု membership program ဆိုပြီး တလကိုဒေါ်လာ ၅၀ ခန့် pledge လုပ်ဖို့ အကူညီတောင်းလာတဲ့ program တွေလဲရှိနေပါပြီ။ ပေါ်ပြူလာမဖြစ်လူသိမများပေမဲ့ advocacy လုပ်နေတဲ့ အဖွဲ့တွေကိုမှလှုချင်ရင်လဲ ဘဦး ကိုယ်တိုင် advocacy လုပ်နေတဲ့အတွက် အလှုခံသူများကို ညွှန်ပြပေးနိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ် ၄၀ နီးပါးက ရိက္ခဏ္ဓရ ကပ်ဆိုက်လို့ ရန်ပုံငွေရှာ သီချင်းထဲကလို မြန်မာပြည်သူတို့တတွေ ခရစ္စမတ်အချိန်ရောက်တာမှ သတိပြုနိုင်ပါ့မလား လို့ ရင်နာနာနဲ့ Christmas Eve မှာ ဘဦးတွေးနေမိပါတယ်။ Happy holidays လို့ မပြောရက်ပေမဲ့ May Peace Prevail on Earth, especially in Burma လို့ ဆုတောင်းပါတယ်။ နောက်က လက်တွေ့လဲလိုက်ပါမယ်လို့ ဂတိပေးပါတယ်။