Rasputin, Wazi Pait, Nicholas II and Kyin Soe!

ရပ်စပြူတင် ဝဇီပိတ် နစ်ကိုလပ် နှင့်ကြင်စိုး

အနောက်နိုင်ငံသားအများစုဟာ အဆောင်, လက်ဖွဲ့, မှော်, ယတြာစတဲ့ ထုံးတမ်းတွေကို မယုံမလိုက်နာပါဘူး။ ထိုပညာများကို တတ်ကျွမ်းဖြန့်ချီမည့် ဘာသာရေးဆရာ, ဝိဇ္ဇာ, ဘိုးတော်တွေကိုလည်း ဆည်းကပ်လေ့မရှိဘူး။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ ၂၀ရာစု အစ ရုရှားပြည်မှာတော့ ရပ်စပြူတင်ဆိုတဲ့ အခါတော်ပေး ဘာသာရေးဆရာတဦးဟာ လွန်စွာ တန်ခိုးထွားပြီး ထိုအချိန်က ရုရှားဘုရင် နစ်ကိုလပ်(၂) က နိုင်ငံအုပ်ချုပ်မှုတွေမှာ သူ့အကြံညဏ် တွေကို ယူခဲ့ပါတယ်။ ဘုရင့်အပေါ် အတော် ဩဇာ ငြောင်းခဲ့ပါတယ်။ နှစ်တရာကျော် ပြန်သုံးသပ်ချိန်မှာတော့ သမိုင်းဆရာတွေက သူ့ကို mystical feature but လူလိမ် အခွင့်ရေးသမားလို့ဘဲသတ်မှတ်ခဲ့ပါတယ်။ ဘယ်လောက် mystic ဖြစ်လဲဆို ရပ်စပြူတင် ဟာ ပီယဆေးအောင် ပျိုတိုင်းစွဲ ဖြစ်ပြီး ဘုရင်မ နဲ့တောင် အီစီကလီဖြစ်သလို ကောလဟလတွေထွက်ခဲ့ပါတယ်။

အဲဒီကာလက ရုရှားသမိုင်းကို ပြန်သုံးသပ်ရရင် ဘုရင် နစ်ကိုလပ် ဟာ ရုရှား ဇာမင်းဆက်ရဲ့နောက်ဆုံး ဘုရင်ပါ။ သူ့လက်ထက်မှာ ပြည်သူလူထုရဲ့ မကျေနပ်မှုတွေများ ပြီး နောက်ဆုံး ၁၉၁၇ ဗော်ရှီဗစ် တော်လှန်ရေးကြီး ပေါ်ထွန်းပြီး ဘုရင်စနစ်လုံးဝအစပြတ်သွားခဲ့ပါတယ်။ ခုခေတ်မြန်မာပြည်ကြီးမှာ ဗုဒ္ဓဘာသာ စစ်စစ်ရဲ့ လုပ်ရပ်တွေမဟုတ်တဲ့ ယတြာချေ, လမ်းရေဆေး, ဘုရားဆင်းတု ကို ကျောပေးပြီး ၇ထပ်ကိတ်မုံ့ကို ရှိခိုးနေတဲ့ မင်းအောင်လှိုင်တို့ လင်မယားနဲ့ အခါတော်ပေး အလဇ္ဇီ ဝဇီပိတ်ဆရာတော် ဆိုသူတို့ရဲ့ပုံတွေကို မြင်ရတော့ ဘဦးစိတ်ထဲမှာ နစ်ကိုလပ်နဲ့ ရပ်စ်ပြူတင် ကြင်စိုး-ဝဇီပိတ် တို့ကို သွားနှိုင်းယှဉ် မြင်ယောင်မိတယ်။ ဘာလို့ ရပ်စပြူတင်ကို ဘဦးကသိနေရတာလဲဆိုတော့ ၁၉၇၉-၈၀ ဒစ်စကိုသီချင်းတွေ ခေတ်စားစဉ်က Germany က “ Boney M “ ဆိုတဲ့အဖွဲ့ရဲ့ Rasputin ဆိုတဲ့သီချင်းက အတော်ပေါက်သွားခဲ့တော့ နှိက်နှိက်ချွတ်ချွတ် သိတတ်ချင်တဲ့ ဘဦးက Rasputin ဆိုတာဘာလဲဆိုတာကို ရှာဖတ်ထားကြည့်လို့ပါ။

အော်ဇာတ်သိမ်းခန်းလေး ပြောဖို့မေ့သွားလို့။ တော်လှန်ရေးအောင်မြင်ပြီး ဘုရင်စနစ်ကျဆုံးချိန်မှာ ဘုရင် နစ်ကိုလပ်နဲ့ သူ့တမိသားစုလုံးဟာ firing squad နဲ့ သေနတ်နဲ့ပစ်သတ်ပြီးသေဒဏ်ပေးခံခဲ့ရပါတယ်။ ရပ်စပြူတင်ကတော့ သူ့ကို မနှစ်သက်သူတဦးက ဓားနဲ့ထိုးသတ်လို့ ဘုရင်မသေခင်တနှစ်လောက်အလိုမှာဘဲ သေဆုံးခဲ့ပါတယ်။ အင်း ကြင်စိုး နဲ့ ခေါဘဏီ စုံတွဲ ဒါမျိုး ကမ္ဘာ့သမိုင်းတွေ ဖတ်ရှုလေ့လာရဲ့လားတော့မသိ။

One Reply to “Rasputin, Wazi Pait, Nicholas II and Kyin Soe!”

Leave a Reply

Your email address will not be published. Required fields are marked *