သွေးထွက်သံယို ဓာတ်ပုံတွေပါလို့ မောင်မင်းကြီးသား ဇူကာဘန်းက ဘန်းမှာစိုးလ်ု့ ဖွဘုတ်မှာတိုက်ရိုက်မတင်ဘဲကိုယ်ပိုင် ဘလော့ဆိုက်မှာတင်ပါတယ်။ တြုတ်မလင်ကိုကြောက်လို့မဟုတ် ပိတ်ခံရရင်အလုပ်ရှုပ်လို့ပါ။
ခုခေတ်မြန်မာစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည် ညံ့ဖြင်းပုံကို social media မှာမကြာခဏမြင်တွေ့နေရပေမဲ့ ခုတော့အထောက်အထားနဲ့ ပြလို့ရပါပြီ။ Bad mouthing, army bashing လို့တန်ပြန်ပြောလို့မရတော့ပါဘူး။ ဘဦးဟာmilitary training မရှိဘူးတဲ့ သာမန်အရပ်သားပါ။ History channel မှာ major battles တွေကို review လုပ်ပြတာတွေကိုတော့ သမိုင်းဝါသနာပါသူအနေနဲ့လိုက်ကြည့်ဘူးတာလေးလောက်နဲ့ပြောပါတယ်။ ပိုတတ်ရင်ပြင်ပေးနိုင်ပါတယ်။
တိုက်ပွဲတွေပုံသဏ္ဌာန် က အမျိုးမျိုးရှိပါတယ်။ Ambush ချုံခိုဖြတ်တိုက်ခံရရင် ကိုယ့်ဖက်ကတပါန်းရှုံးနေပြီ။တချို့တိုက်ပွဲတွေကျ ရန်သူ့နေရာလဲအတိကျသိတယ်။ ရန်သူကလဲကိုယ်လာတ်ုက်မယ်ဆိုတာသိတယ် -အချိန်အတိကျသာပြောမရတာ။ အဲတော့ ကတုတ်တွင်းနက်နက်တူး မိုင်းကွင်းချပြီး defend လုပ်ဖ်ု့စီစဉ်ထားတယ်။ဒါပေမဲ့ ကိုယ်ကလဲ အဲဒီစခန်းမျိုးကို မသိမ်းမဖြစ်လို့ assault လုပ်ရတာမျိုး( ဥပမါ Normandy invasion, မာနယ်ပလော, မဲသဝေါ, စီစီပန်တာဝံ နဲ့ ဒီနှစ် အလောဘွန်စခန်းကို ပြန်သိမ်းဖို့ကြိုးစားမှုမျိုး)။ ဒါမျိုးက အထိအရှ များမယ်ဆိုတာ သိပြီးသား ။ အကျဆုံးခံပြီး စစ်တို့ရဲ့သဘောအရတိုက်ရတာဘဲ။ နောက်တမျိုးကတော့ ၂ဘက်လုံး မထင်မှတ်ဘဲ ရင်ဆိုင်ဆုံမိလို့ သူပစ်ကိုယ်ပစ် ခဏပစ်ပြီး ၂ဘက်လုံး ပြန်ပစ်တာမျိုး။
ဒီရက်ပိုင်း လေးကေကော် မှာဖြစ်တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ အတော်ချာတယ်ပြောပါမယ်။Ambush လုပ်ခံရတာလဲမဟုတ်ဘူး။ ကတုတ်ကျင်းတူး စောင့်နေတဲ့ တပ်စခန်းလဲမဟုတ်ဘူး။ လူနေတဲ့မြို့တမြို့မှာ ရောက်နေ, ခိုလှုံနေတဲ့ CDM, NLD နဲ့ NUG ရုံးတချို့ရှိလို့ ထိုလူတွေကိုဝင်ဖမ်းတာလို့သိရတယ်။ ဒါပေမဲ့obviously it is in a KNU controlled area. ဘေးနားမှာ လက်တကမ်းမှာ KNU တပ်တွေရှိတယ်ဆိုတာ ကလေးကအစ ခွေးကအစသိပြီးသား။ဘယ်စစ်တပ်, ဘယ် operation မှာမဆို ဘာလိုချင်တာလဲ defined goal ထားရမယ်။လူဝင်ဖမ်းရုံဘဲဆိုရင် အငိုက်ဝင်ဖမ်းပြီး မိနစ်/နာရီပိုင်းအတွင်း အမြန်ပြန်ထွက်ဖို့စီစဉ်ရမယ်။ ကိုယ့်ရည်မှန်းချက်ကမြို့သိမ်းဖို့မဟုတ်ဘူးလေ။ မြို့သိမ်းရင် လိုအပ်မဲ့ တပ်အင်အားကတမျိုးလေ။
ဝင်ပြီးရင်လဲ exit route ထွက်လမ်းက အစထဲက ရွေးထားပြီး အဲဒီလမ်းကြောင်းကိုလဲ ကိုယ့်လူတချို့ကနောက်ချန်နေခဲ့ပြီး ထိမ်းထား မယ်။ အင်အား ၁၀၀ ပါရင် ၁၀၀လုံး မြို့ထဲဝင်သွားလို့မရဘူး။ ခုဖြစ်သွားတဲ့ပုံစံကြည့်ရတာ ဘာမှအဲလို စီမံချက်တွေရှိပုံမပေါ်ဘူး။ Operation/တိုက်ပွဲတခု မစခင် မြေပုံကြီးဘေးမှာ ဝိုင်းပြီး ရန်သူ့နေရာနဲ့အင်အား , ကိုယ့် strategy တွေကို ရုပ်ရှင်ထဲကလို မဆွေးနွေးကြဘူးလား။ ပုံမှန်က အပြင်မှာလဲလုပ်ရတယ်ကြားပါတယ်။ ကော့ကော့ ကော့ကော့နဲ့ ရန်ကုန်မြို့ထဲက ပီဒက်တွေဝင်ဖမ်းတဲ့ပုံနဲ့ မြို့ထဲကို ဝင်သွားပြီးမှ ထွက်ပေါက်အပိတ်ခံလိုက်ရပြီး ဝိုင်းတိုက်ခံလိုက်ရတဲ့ပုံပေါက်နေတယ်။
သိရသလောက် ၁၉၉၀ နောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ စစ်တိုက်တဲ့တပ်မဟုတ်တော့ဘူး။ ဝတွေ, EAO တွေကိုငြိမ်းချမ်းရေးယူလို့ရသလောက်ယူ, နယ်စပ်တွေမှာ ဘိန်းစိုက်, methamphetamine ထုတ်, သစ်ရောင်း, သယံဇာတရောင်းတာတွေကို ငါ့လာမတိုက်ရင်ပြီးရောဆိုပြီး မျက်ကွယ်ပြု, ဗိုလ်ချုပ်တွေနဲ့ ခိုနီတွေနဲ့ပေါင်းပြီးတိုင်းပြည်ကိုရောင်းစား, ဦးပိုင်ဆိုတာထောင်ပြီး စစ်တပ်က စီးပွားရေးဝင်လုပ် နေခဲ့ကြတော့ ဘယ်သူမှတကယ်စစ်မတိုက်ဘူးကြတော့ဘူး။ လက်နက်မရှိတဲ့ ပြည်သူတွေကို အကြမ်းဖက်အနိုင်ကျင့်တာလောက်ဘဲလုပ်တတ်တဲ့ သူခိုးဂျပိုး thug တွေနဲ့ ဖွဲ့ထားတဲ့ တိုက်ရည်ခိုက်ရည် လုံးဝမရှိတဲ့ လက်နက်ကိုင်ထားသူ လူတစုဖြစ်သွားပြီ။ တပ်ဖွဲ့စည်းပုံ အင်အားတွေကိုလဲ လိမ်ပြပြီး ရာရှင်ထုတ် ရောင်း စားကြတယ်။စစ်တပ်ကိုဖျက်သူဟာ တကယ်တော့ သူတို့ဗိုလ်ချုပ်တွေကစပြီး တဆင့်ခြင်းပါဘဲ။ ဗိုလ်ကြီး, ဗိုလ်မှုး, ဒုဗိုလ်မှူးကြီး တွေကလဲ ကိုယ်ပိုင်ညဏ်နဲ့မသုံးသပ်ဘဲမှားနေတာကို ဆက်လိုက်လုပ်ကြတယ်။ ငါလဲ ဗိုလ်ချုပ်ဖြစ်လို့ငါ့အလှဲ့ရောက်ရင် ဝါးစါးထောမယ်ဆိုပြီး အမှန်တရားကိုသွေဖီလုပ်နေတာ တပ်မတော်ကြီး ကိုယ့်သေတွင်းတူးနေတာဘဲ။
လွန်ခဲ့တဲ့ ၄-၅လက မြန်မာ စစ်တပ်ထဲကနေ စိတ်ကောင်းရှိတဲ့ သူရဲကောင်း ဗိုလ်ချုပ် တယောက်များ ဖေါက်ထွက်လာမလားလို့ ဖိလစ်ပိုင်က General Ramos လို reformist ဗိုလ်ချုပ် တယောက်များပေါ်မလားလို့ မင်းလောင်းမျှော်သလို တချို့ကမျှော်ကြတယ်။ ကျွန်တော်အဲဒီတုံကတခါ post လုပ်ဘူးပါတယ်။ ကျွန်တော်ကတော့ မထင်ဘူးလို့။စစ်တပ်မှာ ဗိုလ်ချုပ်တွေ ဘယ်လိုရာထူးတက်တယ်ဆိုတာ ကျွန်တော်ပြောပြ မယ်။ တပ်ထဲဝင်ကာစမှာ DSA တက်ခါစမှာ ဒုဗိုလ်ဖြစ်ကာစ မှာ နဲနဲ ကိုယ်ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင်ပေါ်မှီပြီး အမြင်ကြည်လင်တဲ့ အရာရှိငယ်တချို့ ရှိနိုင်သေးတယ်။ ခု နိုင်ငံတော်စစ်တောင်စီထဲမှာ ပါတဲ့ ဗိုလ်ချုပ်တချို့ဟာ ကျွန်တော်နဲ့ အသက်တူ ၁၉၇၉မှာ ၁၀တန်းအောင်တဲ့ DSA ၂၅/၂၆ သမားတွေပါ။ ဒါပေမဲ့ အဲဒီအရာရှိငယ်တွေ ရာထူးတွေတက်လာချိန်မှာ ၂လမ်းကွဲသွားတယ်။ ပထမ တစုက ငယ်စဉ်က ခံယူချက်မျိုးကျန်ရှိနေသေးတော့ ရာထူးတိုးခံရမယ်စဉ်းစားတိုင်း သူတို့ဖိုင်တွေပြန်လှန် ကြည့်ခံရတိုင်း ဘေးချန်ခံခဲ့ရပြီး admin ဖက်တို့ အရပ်ဖက်တ်ု့ ပို့ခံရပြီး ဒုဗိုလ်မှူးကြီး, ဗိုလ်မှူးကြီး, ညွန်မှုးလောက်နဲ့ career အဆုံးသတ်သွားတယ်။ နောက်တစုကတော့ ခံယူချက်တွေ အမြင်တွေလုံးဝ စစ်တပ်က ပုံသွင်းတဲ့အတိုင်းပြောင်းသွားတယ်။ ခံယူသွားတယ်။ တပ်မတော်သည်သာ အသိဆုံး အမှန်ဆုံး ပြည်သူထက်မြင့်မြတ်ဆုံးစသည်ဖြင့် brain washed လုပ်ခံလိုက်ရ တယ်။ အဲလိုလူတွေကဘဲ တဆင့်ခြင်း ဗျုဟာမှုး, တိုင်းမှူးစသည်ဖြင့် တဆင့်ခြင်းတက်လာပြီး တကယ်တပ်လက်ကိုင်ကျောထောက်နောက်ခံရှိတဲ့ ဗိုလ်ချုပ်တွေဖြစ်လာတယ်။ ဒါပေမဲ့ အဲဒါကြောင့် အဲဒီ level ရောက်လာတဲ့ ဗိုလ်ချုပ်တွေထဲမှာ reform minded တွေမကျန် တော့ဘူး။reform minded စစ်ဗိုလ်တွေက ဗိုလ်မှုး level လောက်ကစပြီး ဘေးပို့ခံထားခဲ့ရပြီလေ။ ဒါကြောင့်သူရဲကောင်းပြည်သူ့ဖက်တော်သား ဗိုလ်ချုပ်တယောက်ထွက်လာဖို့ ကျွန်တော်ကတော့ မမြင်ဘူး။ ခုချိန်မှာတော့ သူတို့ ကျရှုံးတော့မယ်, သေတော့မယ်ဆိုတာ ပိုမြင်လာပြီး စိတ်ပြောင်းမဲ့လူရှိရင်တော့မပြောတတ်ဘူး ဒါပေမဲ့ကျွန်တော်ကတော့မထင်သေးဘူး။ တော်တော်ထပ်သွေးထွက်သံယို ဖြစ်ပြီးမှ စစ်ခွေးတွေ အရှုံးပေးမယ်ထင်တယ်။
ဒါပေမဲ့ ဒီလို ချာတူးလန်စစ်တပ် တချိန်မှာတော့ ရှုံးမှာပါ။ ကျွန်တော်တို့တောင့်ထားဖို့ဘဲလိုတယ်။
( disclaimer- ဘဦးမိဘများသည် ငယ်စဉ်က DSA တွင် အရပ်သားဆရာအနေနှင့် အလုပ်လုပ်ခဲ့သဖြင့် ဘဦးသည်DSA campus ထဲတွင်ကြီးပြင်းလာပြီး cadet training ကို အတန်အသင့်သိရှိသူဖြစ်ပါသည်)