၃. စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ ( extra curricular activities)
အားကစား, လုပ်အားပေး , အသင်းအဖွဲ့, ခေါင်းဆောင်မှုအရည်အသွေး, ဝါသနာ , သုတေသန နှင့် စာတန်းပြုစုမှုအတွေ့အကြုံ စသည်တို့ကို ဆိုလိုပါတယ်။ တခုခု ရှိတာ ကောင်းပါတယ်။ စာကလွဲလို့ ဘာမှ သုံးမရတဲ့ စာဂျပိုး လို့အမြင်မခံရအောင်ပါ။ ဘယ် activity ကမှ ပိုကောင်းတယ်ရယ်လို့မရှိပါ။ ဒါပေမဲ့ ဘယ်ဟာကို မဆို လုပ်ပြီဆိုလျှင်တော့ ဇောက်ချပြီး တစိုက်မတ်မတ်လုပ်သင့်ပါတယ်။ အသင်း (club) ၃-၄ ခုမှာ အဖွဲ့ဝင်အဖြစ်ရှိတာထက် ကိုယ်တကယ် စိတ်ပါတဲ့ အသင်း တခုထဲမှာ ဥက္ကဋ္ဌ, အတွင်းရေးမှုး ဖြစ်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အဲလို ဖြစ်နိုင်ဖို့ဆိုရင် ၉တန်း ထဲက စပြီး အသင်းဝင် အနေနဲ့ စတင် ပါဝင် လှုပ်ရှားသင့်ပါတယ်။ ဒါမှ ၁၁/၁၂ တန်းရောက်ရင်ကိုယ်က ခေါင်းဆောင် နေရာတွေကို ဝင် အရွေးခံဖို့ အနေတော်ဖြစ်မှာပါ။ အင်္ဂလိပ် လိုတော့ leadership skills လို့ခေါ်ပါတယ်။ နွေရာသီမှာ ပိုက်ဆံပေးတက်ရတဲ့ leadership skill courses တွေရှိ ပေမဲ့ တကယ် အပြင်မှာလက်တွေ့ သရုပ်ဖေါ်ပြပြီး ကျောင်းမှာ ခေါင်းဆောင် တက်ဖြစ်တာက သင်တန်းတက်ပြီးရတဲ့ လက်မှတ်ထက် ပိုတာသွားပါလိမ့်မယ်။
နမူနာ ကျောင်းတွေမှာ ရှိလေ့ရှိတဲ့ အသင်းအဖွဲ့တွေကတော့ ကျောင်းသတင်းစာတို့, စကားရေလုအသင်း( debate club), စက်ရုပ်အသင်း (robot club), key club, ကျောင်းကောင်စီ ( student government) , စသည့် ဝါသနာပါရာအသင်းအဖွဲ့တွေဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က idea ထူးထူးခြားခြားလေးရပြီး ကျောင်းမှာ မရှိသေးတဲ့အသင်း တခုကို ကိုယ်က အောင်မြင်စွာ ထောင်ဖြစ်ရင်တော့ founder of a club အနေနဲ့ အတော်လေး impression ကောင်းကောင်းရတတ်ပါတယ်။ တခါတလေကျလဲ ကျောင်းမှာရှိတဲ့ အသင်းလောက်နဲ့တင်မရပ်ပါနဲ့။ မျက်စိ ဖွင့်ထားပါ။ ရပ်ကွက်, မြို့နယ် level မှာ လှုပ်ရှားတဲ့ အသင်းတွေမှာ ပါဝင် လှုပ်ရှားခဲ့ရင်လဲ ကျောင်းက အသင်းအဖွဲ့တွေမှာ လှုပ်ရှားတာနဲ့ တန်းတူ ပါဘဲ။ တမြို့နဲ့တမြို့, တကျောင်းနဲ့တကျောင်း, ကိုယ့်ဝါသနာနဲ့သူ့ဝါသနာ အများကြီး ကွဲပြား တာမို့ တဦးလုပ်တာနဲ့တဦးကို အရမ်းကြီး နှိုင်းယှဉ်ဖို့ မကြိုးစား သင့်ပါ။ အိုင်ဒီယာလေးသာယူ ပြီးကိုယ်နဲ့ သင့်တော်တာကို ရှာလုပ်သင့်ပါတယ်။
Leadership ပြီးနောက်တခု ကြည့်တာတော့ service ( လုပ်အားပေးမှု) ပါ။ အဲဒီမှာ လဲ တခုခုကို စွဲစွဲမြဲမြဲလုပ်တာကပိုကောင်းပါတယ်။ ဥပမာ တပါတ်တရက် ၄နှစ်ဆက်တိုက် food pantry မှာလုပ်အားပေးထားတာက နွေရာသီ တခါလောက် nursing home မှာ တပါတ် သွားလုပ်အားပေးဖူးတာထက် ပို impactful ဖြစ်ပါလိမ့်မယ်။ ကိုယ့်ထက်အတန်းငယ်ပြီး စာ မလိုက်နိုင်ဖြစ်နေတဲ့ ကျောင်းသားမျိုးကို free tutoring /စာသင်ပေး ခြင်းမျိုးဟာလဲလုပ်အားပေး အိုင်ဒီယာတမျိုးပါဘဲ။
နောက်တခုကတော့ music နဲ့ Sports ပါဘဲ။ ခြုံပြောရရင်, ဝါသနာပါရင်တော့လုပ်ပါ။ ဒါပေမယ့် Ivy နဲ့ top 10 schools ဝင်ဖို့လုပ်နေတာဆိုရင်တော့ တခြား activity တွေလောက် လုပ်ရကြိုးနပ်လေ့မရှိပါဘူး။ They are mistakenly overrated. Hard proof တော့မရှိပါ။ My own personal experience and sixth sense လို့ဘဲဆိုပါရစေ။ ဆိုလိုတာက အရမ်းကိုထိပ်ရောက် အောင်မြင်မှ နဲနဲ ထဲ့ အစဉ်းစားခံရပါတယ်။ စန္တယား တီးတတ်ရုံ, တယောထိုးတတ်ရုံနဲ့ အမှတ်ပိုမရပါဘူး။ Taylor Swift လောက်အောင်မြင်ပြီး စီးရီးတွေဘာတွေထွက်ထားနိုင်ရင်တော့တမျိုးပေါ့ ။ အားကစားလဲထိုနည်းတူပါဘဲ။ ဝါသနာပါရင်တော့လုပ်ပါ။ ကျန်းမာရေး အတွက် လုပ်ခြင်ရင်လုပ်ပါ။ ဒါပေမဲ့ ကျောင်း တင်းနစ်လက်ရွေးစဉ်ဖြစ်ရုံလောက်, ရေကူးအသင်း ကက်ပတိန်ဖြစ်ရုံလောက်နဲ့ အမှတ်ပိုမရပါ။ National (တနိုင်င်ငံလုံး အဆင့်), regional level champion လောက်ဖြစ်ရင်တော့တမျိုးပေါ့။ဒါပေမဲ့problem က အဲဒီ level ရောက် အောင်မြင်တဲ့ အားကစားသမား တဦးဖြစ်ဖို့က အရမ်းရင်းနှီး ( sacrifice) ရပါတယ်။ အဲဒီ level အားကစားသမား တွေဟာ တနေ့ ၄-၅ နာရီ , တပါတ် ၆ရက်လောက် ၇-၈နှစ်လောက် လေ့ကျင့်training ယူကြရပါတယ်။ အများစုက စာကို ပစ်ပြီး အားကစားကိုဘဲ စုံးလုံး နှစ်လိုက်ရလေ့ရှိပါတယ်။ ဒါတောင်ကိုယ့်ကလေးက talent ရှိပြီး အသက် ၇-၈ လောက်ထဲက စ ကစားထားမှ။ အဲလို အားကစားသမား ကလေးတွေကဘယ်အားကစားမှာမဆိုတပုံကြီး။ အထူးသဖြင့် Caucasian ( လူဖြူမျိုး) တွေပေါ့။ မောင်ဘဦး အတွေ့အကြုံ ပြောရရင် top 10နဲ့ Ivy ကိုဝင်သွားကြတဲ့ ကိုယ့်ရှေ့ကကလေးတွေရော, ကိုယ့်သမီး ကိုယ်တိုင်ကော ဘယ်သူမှအားကစားကို အားမကိုးနိုင်ကြပါဘူး။ သမီးဆိုရင် အသက် ၈-၉နှစ်ထဲက တပါတ်၆ရက် လုပ်လာတဲ့ , ကိုယ့်district level မှာ ချန်ပီယန် ဖြစ်နေတဲ့ အားကစားကို ၁၁ တန်းကစပြီး လျှော့လိုက်ရ ပါတယ်။ အများစုလဲ အရင်ပါနေကျ အားကစား အသင်းတွေကတောင်ထွက်, ကစားချိန်ရှော့ စသည်ဖြင့် စာများတဲ့ ၁၁တန်းလောက်မှာ adjust ပြန်လုပ်ပေးရပါတယ်။ ဆိုလိုတာက to get a bigger bang for the buck ရခြင်ရင် အားကစားကို ပိုဖိမဲ့အစားဥပမာ AP subject ပိုယူတာတို့ , SAT practice ကို ဖိလုပ်တာတို့က ပိုတွက်ခြေကိုက်လိမ့်မယ်။
နောက်ဆုံး တခုကတော့ သုတေသန အတွေ့ အကြုံ, စာတန်းပြုစုမှု ( research and publication experience) နဲ့အလုပ်သင် ( internship) အတွေ့အကြုံတွေပါ။ ရှိနိုင်ရင်ကောင်းပါတယ်။ ကိုယ့်ကျောင်း ကိုယ့်အရပ်နဲ့ ကိုက်ညီတဲ့ပေါ်လာတဲ့ အခွင့်အရေး ကို ဖမ်းဆွဲ ယူရတာမို့ အရံသင့် မျက်စေ့ဖွင့် နားစွင့်ထားပါ။ တနေရာနဲ့တနေရာ တကျောင်းနဲ့တကျောင်း ထပ်တူမကျပါ။ တချို့ကျောင်းတွေက အဲလိုမျိုး သုတေသန လုပ်တဲ့ system/ tradition ကbuilt in ဖြစ်ပြီးနေပေမဲ့ တချို့မှာတော့ ကလေးက actively seek out လုပ်ရတယ်။ ကလေးကကိုယ်လုပ်ချင်စိတ်ရှိတာကို ဆရာတွေကသိအောင် ကိုယ့် ဘက်ကစပြီး initiate လုပ်ရပါမယ်။ တချို့ ဒေသမှာတော့ ကျောင်းတွေကအနီးနားက industry, စက်ရုံ, တက္ကသိုလ် တွေနဲ့ ချိတ်ဆက် collaborate လုပ်ထားပြီး ကိုယ့်ကျောင်းသားကို အဲဒီနေရာတွေကို ပို့ပေးနိုင်တဲ့ အစီအစဉ် တွေ ရှိ ကောင်းရှိနေနိုင်ပါတယ်။ မျက်စိဖွင့် ထားကြပါ။
၄. ကျောင်းဝင်ခွင့် စာစီစာကုံး ( admission essay)
မရေးမနေရ အနဲဆုံး တပုဒ်ရေးရပါတယ်။ တချို့ ကျောင်းတွေက ၂-၃ ပုဒ်ရေးရပါတယ်။ ကျောင်းလျှောက်လွှာတင်ရာမှာ ကျောင်းသား တွေနဲနဲ အလုပ်ရှုပ်သက်သာအောင် standardized တပုံစံထဲဖြစ်အောင်လုပ်ထားတဲ့ ကျောင်းတိုင်းလိုလို ကလက်ခံတဲ့ common application form ဆိုတာရှိပါတယ်။ အဲဒီ form ထဲမှာပါတဲ့ အက်ဆေးက common essay လို့ခေါ်ပြီး အဓိက အကျဆုံး ဖြစ်ပေမဲ့ တချို့ ကောလိပ် တွေက College specific essay ( ဥပမာ သင်ဘာကြောင့် MIT တက်ခြင်ပါသလဲ ဆိုတဲ့ အက်ဆေးမျိုး) ထပ်ရေးခိုင်းပါတယ်။
Common essay မှာက prompt ( ခေါင်းစဉ်) မရှိဘူး ။ ရေးချင်တာရေးလို့ရတယ်။ ဒါပေမဲ့ စာလုံး ၆၅၀ ထိဘဲရေးခွင့်ရှိတယ်။ type စာလုံးနဲ့ဆို A4 paper ရဲ့ တမျက်နှာခွဲ လောက်သွားကျမယ်။ တော်တော် ခေါင်းခြောက်ရပါတယ်။ ကိုယ့် resume မှာပါ ပြီးသား accomplishments တွေကို စာကြောင်းအနေနဲ့ ပြန်ရေးလို့ကတော့ဘဲဥဘဲ။ကျောင်းသား ဟာ ဘယ်လောက် creativity and original idea ရှိလဲ, ရှိတဲ့ဟာကို သူများက နားလည်အောင် ချရေးပြနိုင်တဲ့ Grammer and language skill ရှိမရှိ, လိုရင်းကို ရောက်အောင် ကျစ်ကျစ်လစ်လစ် ရေးနိုင်မရေးနိုင်, ဖတ်သူစိတ်ဝင်စား အောင် ဆွဲဆောင် နိုင်ခြင်းရှိမရှိ, vocabulary ဘယ်လောက် ကြွယ်ဝ မကြွယ်ဝဆိုတာ တွေကို တခါထဲ indirectly ပေါင်းစစ်လိုက်တဲ့သဘောမျိုး ပါဘဲ။ ဒီနေရာ မှာတော့ ခဏ ခဏ အတန်းထဲမှာ essay assignment ပေးခံရသူတွေ, advanced AP level English ယူထားသူတွေက အကျင့်ရနေပြီး နဲနဲ တပန်းသာနိုင်ပါတယ်။ အများစုဟာ ၁-၂ လကြိုပြီး ဘာရေးမယ်ဆိုတာ ကို ကြို စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်က လျှင်ရင် အက်ဆေးထဲမှာ ကိုယ့်ရဲ့ accomplishment လေးတွေကိုပါ မသိမသာ ပါးပါးလေး ထဲ့လို့ဖြစ်နိုင်ပါတယ်။ ၄တန်းကျောင်းသားရေးသလို “ about myself “ essay မဖြစ်သွားရင် ပြီး တာပါဘဲ။ Essay စာအုပ်တွေ ဝယ်ဖတ်ပြီး နဲနဲ idea သိရုံလောက်ဖတ်တာတော့ အမှား မရှိပေမဲ့ ကိုယ့် အော်ရီဂျင်နယ် အိုင်ဒီယာနဲ့ ၁၇-၁၈ အထက်တန်း ကျောင်းသားအမြင်နဲ့ ရေးဖို့က ပိုအရေးကြီးပါတယ်။ Cliche တွေထပ် နေတဲ့ အက်ဆေး, အသက် ၄၀ အရွယ် English literature ပါမောက္ခ စတိုင် နဲ့ ရေးထား တဲ့ အက်ဆေးတွေ ကိုလဲ admission officer တွေက မကြိုက်ပါ။
၅ . ထောက်ခံစာများ ( recommendation letters)
၂စောင် တောင်းလေ့ရှိပါတယ်။ ၂စောင်လုံး ကျောင်းက ဆရာတွေ ဆီကဖြစ်သင့်ပြီး အနဲဆုံး တစောင်က ဆရာဆီက ဖြစ်ရပါမယ်။ နောက်တစောင်ကတော့ counsellor တို့ အားကစားနည်းပြ ( Athletic coach) တို့ ကပေး မယ်ဆိုလဲလက်ခံပါတယ်။ အရေးကြီးတာက generic မဟုတ်ဘဲ ကျောင်းသား ကို သေချာသိ တဲ့ သူက ရေးတဲ့ထောက်ခံစာမျိုး ကမှ ပို တာသွားပါတယ်။ ကျောင်းသားကလည်း နဲနဲ လူရည်လယ် ဖို့လိုပါတယ်။ ကိုယ့်ကိုအကောင်းရေးပေးန်ုင်လောက်တဲ့ ဆရာမျိုးကို အကဲခတ်မိပြီး လိုမှသွားတောင်းတာမဖြစ်ရအောင် ဆရာနဲ့ခင်မင်နေအောင် ၈လ တနှစ် ကြ်ုပြီး relationship build up လုပ်ထားရပါမယ်။ ကိုယ်သွားချင်တဲ့ field က ဆရာ ဆီက ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ ကိုယ်က chemistry ကို မေဂျာ ယူနေချင်ချိန်မှာ ထောက်ခံစာကောင်းကောင်း ရေးပေးမဲ့ သူကလည်း Chemistry ဆရာဖြစ်နေရင်တော့ perfect ပါဘဲ။ ထောက်ခံစာကောင်းကောင်းတခု ရထားရင်လဲ အတော်တာသွားပါတယ်။
Final thoughts:
ကဲ အပိုင်း 3 ပိုင်း လုံးလိုက်ဖတ်လို့ ဒီဘူတာ ထိရောက်လာပြီဆိုရင်တော့ စာဖတ်သူဟာ ဆေး မမှီ တော့ပါဘူး။ဘယ်လိုဘဲ ဘူးခံဘူးခံ သင်ဟာနဲနဲတော့ ကိုယ့်ကလေးကို Ivy and top 10 colleges ရောက်စေချင်တဲ့ ဆန္ဒရှိတယ်, ရှိခဲ့တယ် ဆိုတာ ပေါ်နေပါပြီ။ စိတ်မပူပါနဲ့ မောင်ဘဦး လဲ အဲဒီ ပါတီဝင်ပါဘဲ။ တန်ဆေးလွန်ဘေးမို့ တဖက်စွန်း ကိုမရောက်ရင်ပြီးတာပါဘဲ။ ကလေး ကိုယ်နှိုက်ကလဲ အဲလိုကျောင်းမျိုး တက်ခြင်တယ်ဆိုရင် မိဘက guide လုပ်ပေးနိုင် အောင်လို့ပါ။ နိဒါန်းတုံးက ပြောခဲ့တာလေးကိုဘဲ နိဂုံးမှာ ထပ်ပြောခြင်ပါသေးတယ်။ Ivy လိုနံမည်မကြီးပေမဲ့ ပညာရေးရော ကျောင်းပြီးလို့ အလုပ်ရှာရင်ရော Ivy လိုရော Ivyထက်တောင် ကောင်းတဲ့ကျောင်းတွေရှိပါတယ်။ ဘဝမှာအောင်မြင်ဖို့ Ivy Colleges တွေတက်ဖို့ လုံးဝ မလိုအပ်ပါ။ ကလေးက ကြိုးစားချင်စိတ်ရှိရန်သာလိုပါသည်။ဒါပေမဲ့ ဒီလောက်နားချလို့ မှ နားမဝင်,တားဆီးမရ Ivy and top 10 တက်ရအောင် ဆက်လုပ် အုံးမယ် ဆိုရင်တော့မောင်ဘဦးရဲ့ ကိုယ်တိုင် အတွေ့အကြုံ ကို မှီ ညမ်းပြီး ရေးလိုက်တဲ့ ဒီဆောင်းပါး လေးဟာ ဆယ်ပြားဖိုးလောက်တော့ အသုံး တဲ့ ကောင်းပါစေရဲ့လို့။ တကယ်လို့ Ivy and top 10 မဝင်ရင်လဲ ဒီထဲမှာ ပါတဲ့ လမ်းစဉ် တွေဟာ top 20 colleges တို့ top 30 တို့ ကို ဝင်နိုင်စေရာမှာ, merit scholarship တွေ ရစေရာမှာ တစိတ်တပိုင်း သွားအထောက် အကူ ဖြစ်လိမ့် မယ်လို့ ရဲရဲ ကြီး အာမခံ ပါကြောင်း။
ပြီးပါပြီ။
မောင်ဘဦး