ဘဦးဟာ စာရေးဝါသနာပါပါတယ်။ နောက်တမျိုးပြောရရင်တော့ လက်တွေ့မှာ သိပ်မစွမ်းသူပေါ့။ လွန်ခဲ့တဲ့နှစ်၂၀တွင်းမှာ ရေးထားခဲ့တဲ့ စာစုလေးတွေရှိပါတယ်။ အဲဒါတွေ ပြန်စုပြီးနဲ့ နောက်အသစ်ရေးမဲ့စာတွေအတွက်”ဘဦး၏ကလောင်- Ba Oo’s Pen” ဆိုတဲ့ ကိုယ်ပိုင် blog site/webpage လေးကို လွန်ခဲ့တဲ့တပါတ်က ဖွင့်ဖြစ်ပါတယ်။
Blog site ကိုဖွင့်ဖို့ကြိုးပမ်းနေတာ နှစ်ချီနေပါပြီ။ ကိုယ်က computer programming တို့ coding တို့ web design creation တို့အခံမရှိဘဲ self study လုပ်ရတော့ အချိန်အတော်ပေးရပါတယ်။ လက်လဲလျှော့ခဲ့ဘူးပါတယ်။ ဒါပေမဲ့မလုပ်လို့မရတော့လို့ပါ။ ၂၀၀၀-၂၀၀၁ လောက်က စာစုတွေစရေးဖြစ်တာ Yahoogroup ထဲမှာပါ။ အဲတုံးကFacebook ရော ခုခေတ်လို smart phones တွေမပေါ်သေးဘူး။ မြန်မာ ဖေါင့်တွေရိုက်ရကြာတာနဲ့ အင်္ဂလိပ်လိုဘဲရေးခဲ့ပါတယ်။ နောက်ပိုင်း Facebook တို့ Instagram တို့ Twitter တို့ပေါ်လာတဲ့ နောက်မှာ Yahoogroup သုံးသူနဲလာတာနဲ့ Yahoo ကအဲဒီ feature ကို ၂၀၁၅ လောက်မှာ ဖျက်ပစ်လိုက်ရာမှာ ကိုယ့် posts တွေအတော်ဆုံးရှုံးသွားပါတယ်။ တချို့ကိုတော့ ကိုယ်ပိုင် hard drive ထဲမှာ save လုပ်ဖြစ်လိုက်ပါတယ်။ ဒါပေမဲ့ အမှတ်မရှိတဲ့ဘဦးဟာကိုယ့်စာစုတွေကို Facebook ရဲ့ “notes” section မှာဆက်တင်ခဲ့ပါတယ်။ Yahooရော Facebook ရောဟာ ပိုက်ဆံရဖို့လုပ်နေသူတွေပါ။ သဘောကောင်းလွန်းပြီး service အလကားပေးနေတဲ့ သူတော်ကောင်းကြီးတွေမဟုတ်ပါဘူး။ ဝင်ငွေနဲတဲ့, literature lovers ကလွဲပြီးဝင်မဖတ်တော့ hit(လူအလာ)နဲတော့ ကြော်ငြာသမားတွေက notes section မှာ သိပ်ကြော်ငြာမထဲ့ပါဘူး။ အဲဒီလို ဝင်ငွေနဲတဲ့အတွက် ၂၀၁၉လောက်မှာ Facebook ကလဲ notes section ကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်တခါသွားပြန်ပပေါ့ ဘဦးရဲ့ posts တွေ။
အဲလို မိအေးနှစ်ခါနာပြီးနောက်တော့ သူများ platform တွေကိုအားကိုးနေရင် အမြဲဒီ risk ကရှိမှာဘဲဆိုပြီး ကိုယ်ပိုင်blog site ထောင်ဖို့စီစဉ်ရခြင်းဖြစ်ပါတယ်။ ရေရှည် maintain လုပ်သွားဖို့ မျှော်မှန်းထားတဲ့အတိုင်း နေ့တိုင်းပေါ်ပင်တင်နေတာမဟုတ်ဘဲ literary ဆံတဲ့ စာတွေဘဲတင်ဖို့ ရည်မှန်းထားပါတယ်။ နေတိုင်းတင်ချင်ရင် တင်လဲတင်နေတာ ဘဦးရဲ့ Facebook ရှိတယ်လေ။ ဒါပေမဲ့ ဘဝဆိုတာက မထင်မှတ်တာတွေနဲ့ ပြည့်လို့လေ။ “ the best laid plans of mice and men oft go astray” ဆိုသလိုပဲ မြန်မာပြည်မှာ လွန်စွာမှ တရားမျှတမှုမရှိတဲ့ စစ်ကောင်စီရဲ့February 2021 အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်စွာ နှိမ်နင်းပစ်ခတ်မှုတွေကြောင့် လူများစွာသေဆုံး , အိုးအိမ်စည်းစိမ်တွေ ပျက်စီးပြီး တစထက်တစနိုင်ငံရဲ့အခြေနေတွေ ချောက်ခြားယိုယွင်းလာပါတယ်။ ဘဦးလို ပြည်ပမှနေပြီး ကိုယ်တိုင်ဆန္ဒမပြနိုင်, ဝင်မတိုက်နိုင် မတိုက်ရဲသူတဦးက တော့ ဘီလူးသူရဲစီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကမ္ဘာကသိအောင် အင်္ဂလိပ်ဘာသာနဲ့ဖြန့်ပေးတာမျိုး, advocacy လုပ်ပေးတာမျိုး , ရံပုံငွေကောက်ပေး တာမျိုးနဲ့ဘဲ ကူညီနိုင်ပါတယ်။ အဲဒီလုပ်ရပ်တွေအတွက် social media ကိုအသုံးပြုရာမှာ မောင်မင်းကြီးသား ဇူကာဘတ် က community standard ဆိုပြီး မှားမှားယွင်းယွင်း Al က်ုအားကိုးပြီး ဟိုပိတ်ဒီပိတ် လုပ်တာတွေခံခဲ့ရပါတယ်။ ကိုယ့်ရဲ့ blog site မှာတင်ရင်တော့ အဲဒါမျိုး ပြသနာတွေဘာမှမရှိဘူးပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘဦးရဲ့ personal standard က ဖွဘုတ်ရဲ့community standard ထက်ပိုမြင့်ပါတယ်။
ဘေးနားမှာ မတရားမှုတွေမွှန်းထုံနေပြီး လူအများ ဘေးဒုက္ခရောက် နေချိန်မှာ ကိုယ်တွေကတော့ အနုပညာသန့်သန့်လေးတွေပဲတင်မယ်လို့ ဘဦး မပြောထွက်တော့ပါ။ “ဘဦးရဲ့ကလောင်” မှာလဲ လိုအပ်ရင် နိုင်ငံအရေးနဲ့ ပါတ်သက်တာတွေ တင်ပါတော့မယ်လို့ အသိပေးပါတယ်။ tab (ကဏ္ဍ) သုံးခုခွဲထားပါမယ်။ Personal blog, blogs in Burmese နဲ့ current affairs ဆိုပြီးတော့ပါ။ Personal blog မှာတော့ literary post တွေပဲတင်ပါမယ်။ blogs in Burmese နဲ့ current affairs မှာတော့ နိုင်ငံ့အရေး တွေတင်ဖြစ်ရင်တင်ထားပါမယ်။ လာရောက် ဖတ်ရှုအားပေးပါ။ကွန်မင့်ပေးပါ။ ကြိုက်ရင် သူများကို ဖြန့်ချီ (share) ပေးပါလို့ မေတ္တာရပ်ခံ ပါတယ်။ ကျေးဇူးတင်ပါတယ်။
Carry on Maung Ba Oo.
Wish you great success
နောက်မဆုတ်နဲ့ မောင်ဘဦး 😍
ကျေးဇူးပါ
အားပေးနေပါတယ် ဆရာဘဦး 👍
TQ.
ဒေါက်တာဦးရဲ့ စာအရေးအသားတွေကို ကျနော် အင်မတန် နှစ်သက်ပါတယ် နိုင်ငံရေးအယူအဆကို အမြဲစောင့်ဖတ်တဲ့အပြင် ပဂ္ဂိုလ်ရေးမှာလည်း အတုယူ လေးစားမိပါတယ် ဘဦး ကလောင် အထွန့်ရှည်ပါစေ
အားပေးတယ်။ ဆက်လုပ်ပါ။
TQ.
Your blogs are very interesting, I will definitely be reading them.
Thanks Kevin. Alsp hope to recall events in Maymyo one day.
Looking forward to reading your blogs
Thank you Ma Cynthie.
မောင်ဘဦး ဆိုတဲ့ကလောင်ကို မြင်ရတော့
“အလိုက်သင့် မောင်ဘဦး…
စာမလာ သတင်းမကြား
မင်းတယောက် နေမှ ကောင်းရဲ့လား”🎶
စာတွေ တွေ့နေရင် နေကောင်းနေတယ်လို့ ယူဆ ဝမ်းသာမယ်
ကျေးဇူးပါဆရာအော်။ ကျပ်သေးရွာကြီးလဲ ငြိမ်းချမ်းပါစေ။
🎵 မိဖြူနဲ့ ×× မိသင်းတို့လည်း
မင်းကို သတိရ လွမ်းနေကြပါတယ် ×× 🎵
…. ဖတ်လို့ကောင်းပါတယ်၊ ဆက်လုပ်ပါ၊ ကိုသန်းနိုင် 💪💪💪
Thank you. Good to hear from you after a long absence Ko Nay Oo.