Renaissance ( ရီနေဆွန်း) သို့မဟုတ် အီတလီကို သွားလည်သင့်ခြင်း အကြောင်းရာ နံပါတ် (၂)

Duomo Florence/ Cathedral of Santa Maria Florence

ဂရိနဲ့ အီတလီ( အထူးသဖြင့် Rome) ဟာ ဥရောပတခုလုံးယဉ်ကျေးမှုရဲ့မွေးပုခက် ( Cradle of western civilization) သဖွယ်မို့လို့ သွားလည်သင့်ပါတယ်ဆိုတဲ့အကြောင်းကို Tourism Board of Italy ဆီက ကော်မရှင်မရပေမဲ့ ဟိုတရက်က ဘဦး ဖရီး ကြော်ငြာဝင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အီတလီကိုသွားလည်သင့်တဲ့နောက်တကြောင်းကို ထပ်ပြီး စျေးဗန်းခင်း ရရင်တော့ – birth place of renaissance ဟာ လဲ Italy က အထူးသဖြင့် Florence တဝိုက်ဖြစ်နေခဲ့လို့ပါဘဲ။ ဒါကိုမြင်နိုင်ဖို့ အတွက် renaissance အကြောင်းကိုနဲနဲအရင် ပြောပြခြင်ပါတယ်။

AD/CE 400 လောက်မှာ ရောမအင်ပါယာပျက်သုံးပြီး နောက်ထပ် နှစ် ၈၀၀-၁၀၀၀ လောက်ကာလ ဟာ ဥရောပမှာ အမှောင်ခေတ်လို့ခေါ်ပါတယ်။ Dark ages/medieval times/ Middle Ages လို့ခေါ်ပါတယ်။ BC 200 ကနေ AD 300 လောက် ပထမ ဂရိ နဲ့ ဒုတိယ ရောမအင်ပါယာတို့ ဖုန်းမီးတောက်ချိန် အဲဒီ နှစ်၅၀၀ ကာလအတွင်းမှာ အနုပညာတွေ အတွေးအခေါ်တွေ သိပ္ပံသင်္ချာ ပညာတွေ တရိတ်ရိတ်နဲ့ တိုးတက်ခဲ့ပါတယ်။ အဲဒီခေတ်က အဆောက်အအုံတွေကလဲ လက်ရာပြောင်မြောက်ခဲ့ပါတယ်။ ဂရိ ( အေသင်က စပါတန်တို့) နဲ့ ဂျုးလီးယပ် ဆီဇာကစခဲ့တဲ့ ရောမသားတို့ဟာ စစ်တွေတိုက်, ခရီးတွေထွက်ပြီး သူတို့နေရာ မြေထဲပင်လယ်တဝိုက်သာမက အဝေးကြီးထိ အာဏာစက်ရောက်ခဲ့ပါတယ်။ ဂရိတွေက အိန္ဒိယ နယ်စပ်ထိရောက်လာခဲ့သလို Roman တွေကတော့ အင်္ဂလန်အပါဝင် ဥရောပတတိုက်လုံး , အာဖရိကမြောက်ပိုင်းကမ်းခြေဒေသတွေ( ခုခေတ် တူနီးရှား လစ်ဗျား မော်ရိုကိုနေရာတွေ – အဲဒီခေတ်ကတော့ အဲဒီဒေသတွေကို ကာသေ့လိုခြုံအမည်တွင်တယ်), အီဂျစ်, ပါလက်စတိုင်း( ခုခေတ် အစ္စရေး ဂျော်ဒန် တဝိုက်) , တူရကီ( အဲဒီခေတ်က ကွန်စတန်တီနိုပယ်) , အီရန် ( အဲခေတ်က ပါရှား), အီရတ်(အဲတုံးက မိဆိုပိုတေးမီးယား) – အားလုံးဟာ Roman Empire အောက်မှာပါ။

Extent of Roman Empire at peak

ထိုနည်းတူ ရောမ အင်ပါယာချိနဲ့ပြိုကွဲချိန်တော့ လူတိုင်းက သူပုန်ပြန်ထပြီး ကိုယ့်နိုင်ငံကိုယ်စီထောင်ကြတယ်။ နိုင်ငံအသေးပေါင်းများစွာဖြစ်လာတယ်။ ဥရောပမှာ စပိန်, ပြင်သစ်, ဂျာမဏီ, အင်္ဂလန်, ဩစတြီးယား, ဟန်ဂေရီစသည်ဖြင့်ပေါ့။ ဒါပေမဲ့ အချင်းချင်းစစ်တွေဖြစ် နယ်စား ပယ်စားကြီးတွေအဆင့် လောက်, ဘုရင်အငယ်စားတွေ အဆင့်လောက်နဲ့ ဘဲ ရဲတိုက်လောက် မြို့လောက် တတ်ပြီးသားတွေနဲ့ ဆောက်ပြီးနေခဲ့ကြတယ်။ အသစ်ဆန်းတွေမတီထွင်ခဲ့တာ AD1400 လောက်အထိကိုဘဲ။ AD 1300 ပါတ်ဝန်းကျင်မှာ Black Death လို့ခေါ်တဲ့ ပုလိပ်ရောဂါ ကပ်ဘေးကြီးဆိုက်တာလဲ လူ သန်း ၅၀-၈၀ ( ဥရောပ လူဦးရေ အားလုံးရဲ့ သုံးပုံတပုံခန့်) သေဆုံး သွားခဲ့တာတွေလဲပါပါတယ်။ ဒါပေမဲ့ AD 1400 လောက်မှာတော့ Italy, Florence မြို့နားကစပြီး Renaissance ကစခဲ့တယ်။ ဂရိနဲ့ရောမလက်ထက်က တိမ်ဖုံးသွားခဲ့တဲ့ အနုပညာ တွေ အတွေးခေါ်တွေကိုပြန်ဖေါ်ထုတ်ပြီးဆက်ချဲ့ထွင်ခဲ့တယ်။ Renaissance ဟာ cultural revolution လို့လဲ တင်စားလို့ရတယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ ပြန်လည်မွေးဖွားခြင်းလို့အမည်ရတယ်။ Renaissance ဟာ အများစု သိတာကပန်းချီ ပန်းပုပညာတွေမှာဘဲ လို့ထင်ပေမဲ့ တကယ်တော့ ဘာသာရေး သိပ္ပံပညာ ဆေးပညာ အတွေးခေါ်ပိုင်းတွေပါ လုံးဝ လမ်းတဆစ်ချိုးပြောင်းလဲ ဆန်းသစ် တိုးတက် သွားခဲ့တာဖြစ်တယ်။

Renaissance in Arts

အနုပညာသည်တွေဟာ Realism နဲ့ Humanism ကိုပိုပြီးအသားပေးသရုပ်ဖေါ် လာတယ်။ လူရုပ်ပုံဆိုရင် တကဲ့ ခေတ်ပြိုင် လူစင်စစ်ပုံအတိုင်း သရုပ်ဖေါ်ရေးဆွဲလာတယ်။ အလင်းအမှောင်အယူအဆတွေသုံး လာတယ်။ ဆောက်နေကြတိုင်း ရိုးရိုးကြီးမဆောက်ပဲ အဆောက်အုံ တွေထွင်ဆောက်လာတယ်။ ဘုရားကျောင်းတွေမှာ dome လို့ခေါ်တဲ့ လိပ်ခုံးပုံ အမိုးကိုထွင်ထဲ့လာတယ်။ ကမ္ဘာမှာ ပထမဆုံး dome နဲ့ထဲ့ဆောက်တဲ့ အဆောက်အအုံဟာ Florence မြို့က Dumo Cathedral ဆိုတဲ့ တဲ့ဘုရားကျောင်းဖြစ်တယ်။ ထင်ရှားတဲ့ Renaissance အနုပညာရှင်တွေကတော့ မိုက်ကယ်အိန်ဂျလို , လီယိုနာဒိုဒါဗင်းချိ , ရဖီရယ်, ဘော်တီချယ်လီ စသည်တို့ဖြစ်ပြီး သူတို့ရဲ့ ပန်းချီ ပန်းပုတွေဟာ Florence မြ်ု့က Accademia နဲ့ Uffizi ဆိုတဲ့ museum ကြီး၂ခုမှာ အဓိကပြထားပါတယ်။

Statue of David, Uffizi Museum, Florence.

Renaissance in science & medicine

ကောပါးနီးကပ်ဟာ ကမ္ဘာဟာ စကြာဝဌာရဲ့ ဗဟိုဆိုတဲ့ အယူအဆမှားကြောင်း ကမ္ဘာကနေကို ပတ်နေတဲ့ဂြိုလ်တခုသာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။အစပိုင်းမှာ သူပြောတာကိုဘယ်သူကမှမယုံလို့ ရွာပြင်မောင်းထုတ်ခံရပါတယ်။ ငါတို့ သမ္မာကျမ်းစာအရဆိုရင်လဲ မင်းမှားတယ်ကွဆိုပြီး ပုပ်ရဟန်းမင်းကြီးကလဲ ဝင်ဖေါင်းထုခဲ့ပါတယ်။ ဂယ်လီလီယိုက နက္ခကြည့်မှန်ပြောင်းထွင် ညညကောင်းကင်ကိုထကြည့်ပြီး ကမ္ဘာကြီးဟာမပြားဘူး လို့ ပြောလို့သူလဲခဏ ရွာပြင်ထုတ်ခံရပါတယ်။ ဂေလင် ကတော့ ဘာသာရေးတားမြစ်ချက်ကိုဆန့်ကျင် အလောင်းတွေဖေါ်ဖေါ်ခွဲစိတ်ပြီး လူ့ခဏ္ဍာကိုယ် ဖွဲ့စည်းပုံ ( human anatomy) ကိုပထမဆုံး တင်ပြနိုင်ခဲ့ပါတယ်။ ဒီလူတွေအများစုက အီတလီကပေမဲ့ အကုန်တော့မဟုတ်ပါဘူး။ အီတလီက စခဲ့တဲ့ Renaissance ဟာ ဥရောပတခွင်ကိုလဲပြန့်လာခဲ့ပါတယ်။

Renaissance in religion

ခရစ်ယန်ဘာသာဟာ စပေါ်တုံးက ရောမအင်ပါယာထဲက ကျွန်တွေနဲ့ ဆင်းရဲသားတွေက ပထမဆုံးလက်ခံခဲ့တာပါ။ နောင်မှမင်းစိုးရာဇာတွေကလက်ခံလာတာ။ Jesus ရဲ့သင်ကြားမှုတွေက လူတွေကို သနားညှာတာဖို့ ခွင့်လွှတ်ဖို့ စွန့်လွှတ်ဖို့ ဆိုတဲ့ အခြေခံတွေနဲ့စခဲ့တယ်။ ဒါပေမဲ့ နောင်နှစ် ၈၀၀-၉၀၀ ကြာချိန်မှာ ခရစ်ယန်ဘုန်းကြီးတွေ( bishops) နဲ့ ပုပ်ရဟန်းမင်းကြီးတွေဟာမူလဆုံးမချက်တွေနဲ့လွဲချော်ကျင့်သုံးလာတယ်။ ငွေ ချမ်းသာမှု အာဏာနောက်ကိုလိုက်လာတယ်။ မြေပိုင်ရှင်ကြီးတွေဖြစ်လာပြီးဆင်းရဲသားတွေကိုမြေငှါးချတယ်။ အုပ်ချုပ်သူလူတန်းစားနဲ့ပေါင်းပြီး ပြည်သူကို အခွန်ကောက်တယ်။ တချို့အချိန်တွေမှာပုပ်ရဟန်းမင်းကိုယ်နှိုက်ကဘုရင်တက်လုပ်တယ်။ စစ်တပ်ထောင်တယ်။ အရှေ့တောင်အာရှ နိုင်ငံတခုက ဘာသာရေးခေါင်းဆောင်တချို့နဲ့ သွားမဆင်နေဘူးလား ပြိတ်သတ်ကြီးတို့ရေ။ Renaissance အချိန်မှာတော့ လူတွေက အဲဒါတွေကိုထောက်ပြဝေဖန်လာတယ်။ အကြည်ငြိုလျော့လာတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ကိုယ့်ဘာသာရေး ခေါင်းဆောင်အချင်းချင်းမှာလဲ reformer တွေပေါ်လာတယ်။ Schism တွေဖြစ်နေတာ Catholic Church ဒါမျိုးတွေဖြစ်နေတာကိုပြုပြင်ရမယ်ဆိုပြီးအပြောင်းလဲတွေစလုပ်လာတယ်။ 1414 မှာ Council of Constance ဆိုတာဖွဲ့, reform လုပ်ပြီး ပုပ်ရဟန်းမင်းတဦးရဲ့ နိုင်ငံရေးမှာ ပါဝင် လုပ်ပိုင်ခွင့်အာဏာတွေကို ဖြုတ်ချ လျော့ချခဲ့တယ်။ ကောင်းသဗျာ ။ ရွှေပြည်ကြီးမှာလဲ ဘာသာရေး ရီနေးဆွန်း သွားလုပ် လို့ရရင်ကောင်းမှာဘဲနော် ပြိတ်သတ်ကြီးရေ။ အာ့ဆို ဝီဝီတို့ ဝစီပိတ်တို့ကို သင်္ကန်း ချွတ်ပေးလို့ရမလားဘဲ။ ဂျာမဏီက Martin Luther ဆိုတဲ့ ဘုန်းကြီးကတော့ Ninety-Five thesis ဆိုတဲ့ စာတန်းထုပ်ပြီး ဝေဖန်တော့ ပုပ်ရဟန်းမင်းကြီးက သူ့ကို excommunicate လုပ်လိုက်တော့ သူက ဂိုဏ်းခွဲထောင်လိုက်တာ Protestant/ Lutheran church ဆိုပြီး စပေါ်လာတယ်။ AD 1500 ခန့်မှာပါ။

Renaissance In travel and navigation

စွန့်စားသွားလာ လိုသူတွေပေါ်လာတယ်။ ကမ္ဘာကြီးကိုစူးစမ်းလိုတဲ့ explorer တွေပေါ်လာတယ် ။ သူတို့ကျေးဇူးကြောင့် ရေလမ်းကြောင်း ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေပေါ်လာတယ်။ အမေရိကတိုက်ကိုရှာတွေ့တဲ့ စပိန်က ကိုလမ်ဘတ်တို့( AD 1492), ဥရောပနဲ့အာရှကို ရေလမ်းရှာဖွေတွေ့ရှိတဲ့ ပေါ်တူဂီက ဗက်စကိုဒဂါးမား(AD 1498) နဲ့ မက်ဂျဲလန် ( AD 1519) တို့ပေါ့။ သူ့လက်အောက်က ပေါ်တူဂီ စစ်ဗိုလ်အငယ်လေး Filipe de Brito ကတော့ AD 1600 လောက်မှာ အိန္ဒိယကိုကျော် ပြီးမြန်မာပြည်ရောက်လာ ငဇင်ကာ ဆိုတဲ့ မြန်မာနံမည် ခံပြီး နတ်သျှင်နောင်ရဲ့ လူယုံဖြစ်လာခဲ့တယ်လေ။ ပေါ်တူဂီ စစ်သားတွေကဆင်းသက်လာသူတွေဟာ မြန်မာပြည် မူးနဲ့ချင်းတွင်းမြစ်ကြားကဒေသတွေ ရေဦးတို့ ခင်ဦးတို့မှာ ခုထိရှိသေးတယ်။

The Silk Road.

အဲလိုရေကြောင်းလမ်းသစ်တွေပွင့်လာခြင်းရဲ့ သားကောင် ( bystander victim) ကတော့ Silk Road ကိုလူမသုံးတော့တာဘဲ။ ရောမခေတ်ထဲကစပြီး အာရှနဲ့ ဥရောပ ကုန်စည်ဆက်သွယ်မှုဟာ Silk Road လို့ခေါ်တဲ့ ကုန်းလမ်းဘဲ ရှိတယ်။ Central Asia ကိုဖြတ်ပြီး တမျှော်တခေါ်ကြီးပေါ့။ Silk Road ရဲ့ ဥရောပဖက်ခြမ်း ခရီးစတဲ့မြို့ဟာ အီတလီနိုင်ငံ Venice မြို့ဖြစ်တဲ့အတွက် Venice မြို့ဟာ ကုန်သွယ်ဖေါက်ကားလို့ကောင်း စည်ကား တဲ့ မြို့ကြီးဖြစ်ခဲ့ပါတယ်။ AD 1270 လောက်ဟာ ဗင်းနစ်မြို့သား မာကိုပိုလိုဟာ Silk Road အတိုင်း အာရှဒေသကိုခရီးထွက်ခဲ့တာ ၂၄ နှစ်ကြာပြီးမှဘဲ Italy ကိုပြန်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်တွေကို သူက အသေးစိတ်ရေးမှတ်ခဲ့ပြီး “ The travels of Marco Polo” ဆိုတဲ့စာအုပ်ရေးထုတ်ခဲ့တာ တကဲ့ကို သမိုင်းဝင်မှတ်တမ်းဖြစ်လာခဲ့ပါတယ်။ မာကိုပိုလိုဟာ တရုတ်ပြည်မှာအနေများခဲ့ပြီး အဲဒီအချိန်ကဘုရင် ကူဗလိုင်ခန် ရဲ့ ယုံကြည်ရတဲ့ သံတမန် တဦးဖြစ်လာခဲ့ပါတယ်။ မာကိုပိုလို ဟာ ကုဗလိုင်ခန်ရဲ့သံတမန်အနေနဲ့ မြန်မာပြည်ကို သူကိုယ်တိုင်ရောက်ခဲ့မရောက်ခဲ့ဆိုတာ သမိုင်းပညာရှင်များ အငြင်းပွါးဆဲဖြစ်ပါတယ်။ သေချာတာကတော့သူ့စာအုပ်ထဲမှာ မြန်မာပြည်အကြောင်း အဲခေတ် (AD 1280ခန့်) က မြန်မာ ဘုရင် နန်းတော် ( ပုဂံခေတ်အဆုံးပိုင်း) အကြောင်းတွေထဲ့ရေးခဲ့ပါတယ်။ Renaissance နဲ့အတူ ကမ္ဘာရေလမ်းသစ်တွေပွင့်လာတဲ့အတွက် AD 1400 နောက်ပိုင်းမှာ Silk Road ကိုလူတွေကမသုံးတော့ဘဲ မှေးမှိန်သွားခဲ့ရပါတယ်။ ဗင်းနစ်မြို့ကြီးလဲ အလားတူ မှေးမှိန်သွားခဲ့တယ်။

ကဲဒါဆိုရင် ဘာလို့ အီတလီကို သွားလယ်သင့်လဲ့ဆိုတာ ပြိတ်သတ်ကြီးလက်ခံပါပြီလား ။ သမိုင်းချစ်သူတွေအတွက်ကတော့ Italy is a treasure trove ပါဘဲ။ နမူနာနောက်တခုထပ်ပေးမယ်ဗျာ။ နံမည်ကျော်စာရေးဆရာကြီး ရှိတ်စပီးယားဆိုတာ အင်္ဂလိပ်လူမျိုး။ သူ့သက်တမ်းတလျှောက်မှာ play ( ပြဇာတ်/ဝတ္တု) ၃၀ ခန့်ရေးခဲ့ရာမှာ ၆ပုဒ်က အီတလီမှာ ဇာတ်အိမ်တည်ခဲ့တာ။ It just proves how rich culturally Italy is! အမျိုးတွေကြားဖူးကြမှာပါ။ Romeo & Juliet (Verona), The Merchant of Venice, Alls well that ends well( Florence), Much ado about nothing(Sicily), Julius Caesar (Rome) နဲ့ Othello( Venice) တို့ဖြစ်ပါတယ်။ ဥရောပ ကတော့သွားလည်စရာတွေအများကြီးပါ။ ဘဦးနောက်ဖြစ်နိုင်ရင် သွားချင်တာက စပိန်ပါ။ FC ဘာစီးလိုးနား နဲ့ FC ရီးရယ်မဒရစ် သွားပြီး ဘဖေတို့ မက်စိ တို့ နေမာ တို့နဲ့ တွေ့ချင်လို့မဟုတ်ပါ။ စပိန်က Europe နဲ့ Africa/ Arab တို့ရဲ့ cross road ဖြစ်နေခဲ့ဘူးလို့ ထူးခြားတဲ့သမိုင်းမှတ်တမ်းတွေရှိလို့ပါ။ နောင်မှရေးပါ အုံးမယ်။

Cradle of western civilization- ဥရောပ (သို့) အနောက် လူနေမှုစနှစ်ရဲ့ မြစ်ဖျားနေရာ အီတလီ( ရောမ) နှင့် ဂရိ( ခေါမ) ဒေသများ သို့ အလည်တခေါက်။

Coliseum in Rome, Italy.

ခုချိန်မှာ ခေါ မှန်သမျှကိုရှောင်နေလို့ ဂရိမသွားဘဲ အီတလီဘဲသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နဂိုထဲက သမိုင်း စိတ်ဝင်စားတာရော တနေရာသွားမည်ဆိုရင် ကြိုဖတ် research လုပ်ပြီးမှ ကိုယ့်ဖါသာအစီစဉ်ဆွဲ ခရီးစဉ်ဆွဲသွားရတာကို ဘဦးကပိုနှစ်ခြိုက်တဲ့အတွက် လည်မဲ့ နေရာတွေ သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေကို ထိုင်ဖတ်နေတာ ၃-၄ လရှိပါပြီ။ Tour guide ကိုအရမ်း မသုံးမဖြစ်တော့မှဘဲသုံးပါတယ်။ Disney theme park တို့ Las Vegas တို့လည်တာကတော့တမျိုးပေါ့။ အကုန်က history မရှိဘဲ fake တွေလေ။ အာဖရိကအတု, animal kingdom အတု, planet Pandora အတု, Venice အတု, အီဂျစ်အတု, Paris အတု, Julius Caesar အတု နီယွန်မီးရောင် , မီးတောင်အတု ရေပန်းအတုတွေ ကတော့ တောတောင်ထဲမှာ hiking လုပ်ရသလောက် ဘဦးက ဖီလင်မလာဘူး။ လူတကိုယ် အကြိုက်တမျိုးပေါ့။

Cradle of western civilization နဲ့ Cradle of civilization ဆိုတာမရောပါစေနှင့်။

Cradle of western civilization ဆိုတာ လွန်ခဲ့နှစ် ၂၅၀၀ ခန့်ကစခဲ့တာပါ။ BCE/ BC 400 လောက်ကနေ CE/AD 200 လောက်ကာလအတွင်း (နှစ် ၆၀၀ ခန့်) ပထမ ဂရိနဲ့ နောက် ရောမ(အီတလီ) မှာ ထွန်းကားခဲ့တဲ့ အသိပညာ, အတွေးအခေါ်, အနုပညာ ( Greco-Roman Civilization) တွေဟာ နောင်နှစ် ၁၅၀၀- ၂၀၀၀ တွင်း မှာ ပေါ်ပေါက်လာမဲ့ ဥရောပနိုင်ငံတွေ ( အင်္ဂလန်ပြောမလား, ဂျာမဏီနဲ့ ပြင်သစ်ပြောမလား etc) အားလုံးကိုဩဇာသက်ရောက်နေခဲ့လို့ပါ။ အဲလို ရောမနဲ့ ဂရိ ယဉ်ကျေးထွန်းကားနေချိန်မှာ အင်္ဂလန်တို့ ဂျာမဏီတို့ နော်ဝေးတို့ဆိုတာ barbarian လို့ခေါ်တဲ့ လူရိုင်းတွေနေတဲ့ နယ်မြေအဖြစ်သာရှိနေခဲ့တာပါ။ ဒီမိုကရေစီတို့ ပါလိမန် တို့ အကယ်ဒမီ ဆီးနိတ်တို့ ဆိုတဲ့အယူဆတွေ ခမ်းနားတဲ့ အဆောက်အုံကြီးတွေဖြစ်တဲ့ coliseum တို့ pantheon,  acropolis တို့ဟာ လွန်ခဲ့တဲ့နှစ် ၂၀၀၀-၂၅၀၀ ထဲက ဂရိ(အေသင်) နဲ့ အီတလီ(ရောမ) မှာဖြစ်ထွန်းနေခဲ့ချိန်မှာတော့ အင်္ဂလန်တို့ ဂျာမဏီတို့မှာလူတွေဟာ တဲထိုးနေတုံးဘဲရှိပါတယ်။ ရောမက နှစ်၂၀၀-၃၀၀ လောက်နောက်ကျတယ်။ ရောမက ဂရိနဲ့စစ်ဖြစ်, စစ်နိုင်ပြီး ဂရိယဉ်ကျေးမှုတွေကို သူတို့က လက်ခံ,  ဆက်လက် ပြောင်းလဲပြုပြင်တိုးတက်အောင်လုပ်ပြီး နောင်နှစ် ၄၀၀ခန့် ( AD 400 လောက်ထိ) Roman Empire အနေနဲ့ကမ္ဘာမှာ Pax Romana နေလိုလလိုဘုန်းမီးတောက်ချမ်းသာကြွယ်ဝခဲ့တယ်။

မြန်မာပြည်ကရော – နှိုင်းယှဉ်ပြောရရင် ပုဂံယဉ်ကျေးမှုဆိုတာ ( AD 900-1200) လွန်ခဲ့တဲ့နှစ် ၁၀၀၀ လောက်ကမှဖြစ်ပေါ်ခဲ့တာပါ။ ပုဂံမတိုင်မှီ ဟန်လင်း, သရေခေတ္တရာ, ဗိသနိုး စတည့် မြို့ပြနိုင်ငံတွေက AD 600-800 လောက်မှာထွန်းကားခဲ့တာပါ။ နှိုင်းယှဉ်လို့ရအောင်ပါ။ မဇ္ဇိမဒေသ ( ယခု အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း) မှာ သိဒ္ဓတ္တဆိုတဲ့ နိုင်ငံငယ်လေးတခုရဲ့မင်းသား, လူတဦးဟာ ကျင့်ကြံအားထုတ်မှုပြင်းပြလို့ ငြိမ်းချမ်းရာလမ်းကြောင်းအမြင်မှန်ရပြီး ဂေါတမ ဆိုတဲ့အ မည်ခံပြီးသူ့လမ်းစဉ်တွေ ( Buddhism)ကို စတင်ဟောပြောရှင်းပြ ခဲ့ချိန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ခန့်(BC 600-500 ခန့်) ကဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြေထဲပင်လယ်ဒေသမှာ ခုနအပေါ်က ဂရိယဉ်ကျေးမှုကလည်း ကောင်းကောင်းထွန်းကားနေပါပြီ။

ခုန က BC 500 ခန့်မှာ ဂေါတမနဲ့ ခေတ်ပြိုင်ဂရိ အတွေးအခေါ်ရှင် များကတော့ ဆိုကရေးတီးနဲ့ သေးလ် တို့ဖြစ်တယ်။ ပလေတို နဲ့ အရစ္စတိုတယ်က နှစ်၁၀၀ လောက် နောက်ကျတယ် BC 400-350 ခန့်မှာထွန်းကားခဲ့တယ်။ တပြိုင်ထဲလောက် BC 500 ခန့်တရုတ်ပြည်မှာ ရှိနေခဲ့တဲ့ အတွေးခေါ်ရှင်ကတော့ ကွန်ဖြူးရှပ် ဖြစ်တယ်။ ဘာသာတရားလို့ နံမည်မတပ်ပေမဲ့ ကွန်ဖြူးရှပ် အဆုံးမကိုလိုက်နာ ကျင့်ကြံနေသူတွေ တရုပ်ပြည်မှာ အများကြီးပါ။ မဇ္ဇိမဒေသမှာလဲ ဂေါတမ ကသူ့ရဲ့ အယူဝါဒ ကိုဖြန့်ချီနေချိန်မှာ သူနဲ့ခေတ်ပြိုင် ဝါဒရှင်တွေလဲရှိခဲ့တယ်။ အိန္ဒိယမှာ အဲဒီအချိန်က ဂျိန်းဘာသာ နဲ့ ဟိန္ဒူဘာသာ တွေက ရှိနေတော့ ဗုဒ္ဒနဲ့ ဝါဒရေးရာပြိုင်ပွဲ တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ ဗုဒ္ဓအသက်ထင်ရှားရှိချိန်မှာတော့ သူတို့တတွေ မှေးမှိန်ခဲ့ပေမဲ့ နောင်မှာခေါင်းပြန်ထောင်လာပြီး ဗုဒ္ဓဘာသာကမှေးမှိန်သွားခဲ့တယ်။ မြန်မာစာပေတွေမှာတော့ သူတို့ကို ဝါဒပြိုင် ပညာရှင် အစား အရည်းကြည်းတို့ တက္ကဒွန်းတို့ဆိုပြီး ခပ်နှိမ်နှိမ်ရေးဖွဲ့တယ်။

ခရစ်ယန်ဘာသာကတော့ Jesus ကစတင်ပြန့်ပွါးစေခဲ့တာ နှစ်၂၀၀၀ရှိပါပြီ။ အနောက်နိုင်ငံ ပြက္ခဒိန်မှာ Jesus မွေးတဲ့နှစ်ဟာ AD တနှစ်လေ။ Islam ဘာသာကို ပြန့်ပွါးစေတဲ့ တမန်တော်မိုဟာမက် ကတော့ AD 600 လောက်မှာထွန်းကားခဲ့တာဖြစ်ပါတယ်။ Jesus ရော Mohamed ရောဟာ ဘုရား (God) မဟုတ်ဘဲ သူတို့ဘုရားသခင်ရဲ့ တမန်တော် (prophet) လို့သာ သူတို့ကိုယ်သူတို့ပြောဆိုပါတယ်။ လူတွေကို လမ်းမှန်ရောက်အောင်သင်ပြဖို့ ကောင်းကင်မှာရှိတဲ့ တဦးတည်းသော ဘုရားက သူတို့ကို တာဝန်လွှဲအပ်ပေးခံရသူ လို့သာ တင်စားသုံး နှုံး ပါတယ်။ ဂရိ ထွန်းကားချိန်က ဥရောပမှာ ခရစ်ယန်ဘာသာ မရှိသေးဘူး။ ဒါကြောင့် ဂရိမှာက Zeus, Apollo, Hermes, Poseidon စတဲ့ အိုလံပီယာတောင်က နတ်မင်းကြီးတွေကိုလျှောက်ကိုးကွယ်ကြတာ။ Jesus နဲ့သူ့ရဲ့ နောက်လိုက် four Apostles( Matthew, Mark, Luke, John) တို့ရဲ့ ဖြန့်ချီမှုကြောင့် ခရစ်ယန်ဘာသာဟာ မူလပေါ်ထွန်းခဲ့တဲ့ အရှေ့အလယ်ပိုင်း ပါလက်စတိုင်း ဒေသကနေ ဥရောပကို ပြန့်ချီလာပါတယ်။ ပထမပိုင်းမှာ ရောမ ဘုရင် /ခေါင်းဆောင်တွေက ခရစ်ယန်ဘာသာလိုက်နာသူတွေကို ဖိနှိပ်ပါတယ်။ ခရစ်ယန်ဘာသာဟာ အဲဒိခေတ်က ကျွန်တွေ, လူဆင်းရဲတွေရဲ့ဘာသာပါ။ တဖြည်းဖြည်းမှသာ မင်းစိုးရာဇာတွေကပါလက်ခံလာပြီး AD 300 မှာ ရောမဘုရင် ကွန်စတင်တိုင်းက Christianity ကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခရစ်ယန်ဘာသာရဲ့ ထိပ်ခေါင်ချုပ် ပုပ်ရဟန်းမင်းတွေ နေထိုင်သီတင်းသုံး တဲ့နေရာကလဲ Rome မြို့နားက Vatican City ဆိုတဲ့နေရာဖြစ်လာပါတယ်။ City ဆိုပေမဲ့အဲဒီနေရာလေးကို ပုပ်ရဟန်းမင်းကြီးပိုင် နိုင်ငံတခုအနေနဲ့ အီတလီနိုင်ငံကရော ကမ္ဘာကရော အသိမှတ်ပြုပေးထားပါတယ်။

Cradle of Civilization ဆိုရင်တော့ ပိုစောပါလိမ့်မယ်-

လွန်ခဲ့တဲ့ နှစ် ၄၀၀၀- ၅၀၀၀ ခန့် ( BC/BCE 3000-2000) လောက်ကိုဆိုလိုပါတယ်။ အဓိက နေရာတွေကတော့ မိဆိုပိုတေးမီးယားလို့ခေါ်တဲ့ ခုခေတ် အီရတ်နေရာ ရယ်, နိုင်းမြစ်ဝှမ်းတလျှောက် ယခုခေတ်အီဂျစ်နေရာ တွေက အထင်ကရပါ။ မြို့ပြယဉ်ကျေးမှု တို့ ပိရမစ်ကြီးတွေစဆောက်ချိန်တွေပေါ့။ အဲဒိအချိန်မှာ အိန္ဒိယ နဲ့ တရုတ်ပြည်မှာလဲ တချို့နေရာတွေမှာလဲ civilization နဲ့ population center/kingdom တွေစရှိနေပြီလို့ပြောဆိုကြပါတယ်။  BC 100 လောက်မှာကျတော့ အီဂျစ်ပြည်ကြီးက အင်အားချိနဲ့ မိန်းမသားအုပ်စိုးတဲ့ ဂရိဩဇာခံ နိုင်ငံငယ်လေးတခုဘဲ ဖြစ်နေပြီလေ။ အဲချိန်မှာ နောင်ရောမ ဧကရစ် ဖြစ်လာမဲ့ စစ်ဗိုလ်ချုပ် ဂျုးလီးယပ် ဆီဇာ ( BC 100- BC 44) ဟာ အီဂျစ် ပြည်တွင်းစစ်မှာ ဘုရင်မ ကလီယိုပက်ထရာ ဘက်က ဝင်တိုက်ပေးပြီး ကလီယိုပက်ထရာ ကိုလဲ ကြွိုင်ပစ်လိုက်တယ်လေ။ နောင် ၂၀၀၀ ကြာတော့ ဟောလီးဝဒ် မှာ မကြာခဏ ကုန်ကြမ်းဖြစ်လာအောင် သူတို့ခမျာမှာ ဇာတ်လမ်းခင်းပေးခဲ့ရတာ။ အီဂျစ်ဆိုတာနဲ့စကားစပ်သွားတာပါ။

နောက်ထူးခြားတာတခုကတော့ ကမ္ဘာမှာ ဘာသာကြီး ၃ခုဖြစ်တဲ့ ခရစ်ယန်ဘာသာ, ဂျုး(သို့) ယဟူဒီဝါဒ နဲ့ အစ္စလမ် ဘာသာအားလုံးဟာ ယနေ့ခေတ် Middle East လို့ခေါ်တဲ့ ပါလက်စတိုင်းဒေသမှာ စတင်ထွန်းကားခဲ့တာဘဲ။ ဒါတွေ ပြောရရင်တော့အရှည်ကြီးပါ။ ကျမ်းတစောင်မကပြုလို့ရပါတယ်။ Jesus ဟာ ခရစ်ယန်မဖြစ်ခင်က ဂျုးလူမျိုးကျွန်တယောက်လေ။

စကားချုပ်ပြောရရင်တော့ Western Civilization ရဲ့ အစခြေရာဟာ ဂရိနဲ့ အီတလီပါ။ ဂရိခေတ်ကောင်းစဉ် Alexander the Great ( ~ BC 350-BC 320) ဘုရင်လက်ထက်က တိုက်ပွဲအောင် ကမ္ဘာအရှေ့ခြမ်းကိုနယ်မြေချဲ့လာတာ အိန္ဒိယ နယ်စပ်ထိရောက်ခဲ့ပါတယ်။ ဂေါတမဗုဒ္ဓပွင့်ပြီး နှစ် ၃၀၀ လောက်မှာပေါ့။ ခုခေတ် Afghanistan နဲ့ Pakistan တချို့နယ်မြေတွေဟာ အဲခေတ်က ဂရိလက်အောက်ခံနယ်မြေဖြစ်နေ ဂရိယဉ်ကျေးမှုထွန်းပွါးခဲ့ပြီးအဲ့ခေတ်က ထုထွင်းခဲ့တဲ့ ဗုဒ္ဓရုပ်ပွါးတော်တွေဟာ Hellenistic လို့ခေါ်တဲ့ ဂရိပုံစံ ဩဇာ တွေနွယ်နေပါတယ်။ BC 100 ခန့်မှာဖြစ်ခဲ့တဲ့ မိလိန္ဒမင်းကြီးနဲ့ ရှင်နဂသိန် အမေးအဖြေခန်းမှာပါတဲ့ King Menander ဆိုတာဟာ ဂရိနွယ်ဖွားဘုရင်ပါ။ Bactria လိုခေါ်တဲ့ သူအုပ်ချုပ်တဲ့ နိုင်ငံဟာ ခုခေတ် ပန်ဂျပ်နဲ့ အာဖဂန်နစ္စတန် နေရာပါ။ ဗုဒ္ဓစာပေတွေမှာတော့ ဂန္ဓာရ တိုင်းလို့ခေါ်တဲ့နေရာဖြစ်ပြီး အဲဒီအချိန်အဲဒေသမှာ ဗုဒ္ဓဘာသာထွန်းကားနေခဲ့ပါတယ်။ ဂရိသမိုင်းတွေထဲမှာ King Menander (မိလိန္ဒမင်း) အကြောင်းအတိကျ မှတ်တမ်းတွေရှိပါတယ်။ ဂေါတမ ဗုဒ္ဓဟာ ဒိဗ္ဗစက္ကုညဏ်ရတယ် စျန်ပြန်တယ်ဆိုရင် အဲခေတ်ပြိုင် ဂရိအဆောက်ဦးတွေ  or  ရှိပြီးနေတဲ့ အီဂျစ်ပိရမစ်တွေကိုရောများ သူသိသလား ထဲ့ပြောဖူးသလားလဲ တွေးမိတယ်။ ဗုဒ္ဓပေါ်ထွန်းခဲ့တာ ဗုဒ္ဓဂါယာဒေသမှာ ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ ငြင်းစရာမလိုအောင်ခိုင်လုံပါတယ်။ စျန်ပြန်တယ်ဆိိုတာမျိုးက တော့ အကြည်ငြိုလွန်အောင်နောက်လူတွေချဲ့ကားတာလို့ခံယူပါတယ်။ Buddhism ရဲ့အနှစ်သာရဟာ ဝါဒ/philosophy သာဖြစ် သင့်ပြီး တန်ခိုးတော်တွေကိုဘဲ ချဲ့ကား အသားပေးပြောဆိုမှုဟာ အကျိုးမဖြစ်ဘဲ အဆိုးတောင်ဖြစ်လာနိုင်တယ်လို့ခံယူမိပါတယ်။ ဘာသာတိုင်းမှာဒါမျိုးလေးတွေရှိပါတယ်။ ဥပမာ ခရစ်ယန်ဘာသာမှာလဲ နောက်ကဖမ်းဆီးသတ်ဖြတ်မဲ့ အီဂျစ်စစ်သည်တွေလိုက်လာတဲ့အခါမှာ ဘုရားတံခိုးကြောင့် မိုးဇက်ဟာ Red Sea ပင်လယ်ပြင်ရေလွှာပြင် ကိုခွဲပြီး သူ့လူတွေကိုလွတ်ရာ ခေါ်ဆောင်သွားနိုင်ခဲ့တယ်ဆိုတာမျိုးလေးတွေပေါ့။

( Part 2 to be followed.)

ဘဦး ဆရာဝန် စစ်စစ် ဖြစ်ချင်တယ်။

(ဆရာ ဒေါက်တာ ဆန်းလွင်ရဲ့ ဝတ္တုတိုပေါင်းချုပ်မှ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဟူသော အသုံးနှုံး ကို တပိုင်းတစ ယူသုံးပါသည်။)

ဒီပြီးခဲ့သော တပါတ် weekend oncall duty ကျသည်။ ဘဦးသည် ဆရာဝန် ၉ဦး, nurse practitioner ၄ဦးပါသော nephrology group ကြီးတခုမှာလုပ်ပါသည်။ Fellowship training ပြီးလို့ nephrologist ဖြစ်တာ ၂၂နှစ်ရှိပြီ မို့ ပင်စင်ယူမည့် အသက်နားသို့လည်း တဖြည်းဖြည်း ကပ်လာနေပြီဖြစ်ပါသည်။ ဒီ group မှာလုပ်တာ နှစ်၂၀ရှိပြီ။ Fellowship အပြီး ဝင်တဲ့ ပထမ အလုပ်မှာ အဆင်မပြေလို့ ၂နှစ်ဘဲ လုပ်ပြီး အလုပ်သစ်ရှာ ပြောင်းခဲ့တာဖြစ်သည်။

Weekend duty ကျလျင်များသောအားဖြင့်ရှုပ်လေ့ရှိသည်။ ဘဦးတို့ group က ပုံမှန် weekday ဆိုလျင် ဆေးရုံ ၄ခုကို cover လုပ်ပြီး တဆေးရုံမှာ ဆရာဝန်တယောက်က ပုံမှန် ( round) ရောင်းလှဲ့ပေမဲ့ weekend တွေမှာတော့ ဆရာဝန် ၂ယောက်ဘဲ oncall ထားပြီးတာဝန်ခွဲယူလိုက်ကြတယ်။ ကျန် ၇ယောက်ကနားတယ်။ အဲလိုလုပ်ခြင်းဖြင့် ကိုယ့်အလှဲ့ကို every third or fourth weekend မှ oncall duty ယူရတော့တယ်။ duty သိတ်မစိပ်တော့ဘူး။ ဒါပေမဲ့ oncall ကျတဲ့ weekend မှာတော့ ဆရာဝန်တဦးကို ဆေးရုံ ၂ခုမှာ round လုပ်ရတော့ လူနာပိုများပြီး busy ဖြစ်လေ့ရှိပါတယ်။ နောက်ပြီး earlier weekdays တွေမှာ ကိုယ့် partner ကကြည့်ထားပြီး weekend ကျမှ အသစ်လူနာသဖွယ် ကိုယ်ကစကြည့်ရတဲ့ လူနာတွေလဲပါလာတော့ အဲဒီလူနာတွေဆို အချိန်ပိုပေးရပါတယ်။ လခစား (salaried physician) မဟုတ်လို့ လူနာပိုများရင် ဝင်ငွေပိုရတယ်ဆိုနိုင်ပေမဲ့လဲ oncall weekend မှာ ညတွေလဲလိုရင်ပြန်သွားဖို့ အခေါ်ခံရနိုင် တာမို့ နေ့ခင်းမှာ အရမ်းကြီးတော့လဲ တနေကုန် လူနာ မရှုတ်ချင်ဖူး။

ဘဦးတို့ nephrologist (ကျောက်ကပ်သမားတော်) တွေရဲ့လုပ်ငန်းသဘာဝကိုလဲ နဲနဲ ရှင်းပြ ထား လိုပါသည်။ တခြားဆရာဝန်တွေလိုဘဲ ဘဦးတို့ office patient/practice ( ပြင်ပလူနာ) ဆေးခန်းမှာကြည့်ပါသည်။ Weekend တွေမှာ တော့ ပြင်ပလူနာ (office) ကမဖွင့်ပါဘူး။ နောက် တမျိုးကတော့ inpatient (အတွင်းလူနာ) တွေဆေးရုံမှာ ကြည့်ပါသည်။ အထက်ဖေါ်ပြပါ ရောင်းလှဲ့ခြင်းပေါ့။ In-patient ကတော့ weekend လဲနားလို့မရဘူးလေ။ ဒါပေမဲ့ တခြားဆရာဝန်တွေနဲ့မတူတဲ့ နောက် ကဏ္ဍတခု ဘဦးတို့ nephrologist တွေမှာရှိပါသေးတယ်။ အဲဒါကတော့ outpatient dialysis rounding ဘဲဖြစ်ပါတယ်။ ကျောက်ကပ်ပျက်သွားတဲ့လူနာတွေဟာ မသေမချင်း (သို့) transplant မရမခြင်း တပါတ် ၃ကြိမ် outpatient dialysis unit တွေမှာ သွေးဆေး/ကျောက်ကပ်ဆေး ( hemodialysis – HD) လာလုပ်ရပါတယ်။ လူနာတွေ transportation (သွားလာရေး) အဆင်ပြေအောင် ဒီ outpatient dialysis unit လေးတွေဟာ မြို့ရွာတွေမှာ every 5-10 miles distance မှာရှိပါတယ်။ အဲဒီလူနာတွေ က်ု သူတို့ သွေးဆေးနေချိန်မှာ ကြပ်မတ်ပေးဖို့ တပါတ်တခါ(သို့) ၂ပါတ်တခါ သွားရောင်းရပါသေးတယ်။ ဘဦးတို့ group က cover လုပ်တာ အဲလိုunit ၁၀ခု ရှိပြီး တချို့ဆိုရင် မြို့ပြင် မိုင် ၄၀-၅၀ အကွာက မြို့သေး ရွာသေး လေးတွေမှာပါ။ ဒါကြောင့်ဘဦး ကားအရမ်းသုံး အရမ်းမောင်းရပါတယ်။ တနှစ်ကို မိုင် ၂၀၀၀၀ လောက် mileage တက်ပါတယ်။ တပါတ် ၃ခါဆိုတော့ dialysis သမားတွေက either MWF or TTS လာကြတယ်။ Sunday ကတော့ outpatient HD unit တွေနားပါတယ်။

စနေ မနက် ရောင်းလှဲ့တာ နောက်ဆေးရုံ တခုက်ုကူးလာတယ်။ ဒီဆေးရုံက weekdays တုံးက partner က coverလုပ်တဲ့ဆေးရုံမို့ လူနာတွေကိုသိပ်မသိဘူး။ နဲနဲအချိန်ပိုပေးရမယ်။ ပထမဆုံးလူနာခန်းထဲကိုမဝင်ခင် partner ရေးပေးထားတဲ့ sign out ကိုထုတ်ဖတ်လိုက်တယ်။ အသက် ၄၀ ခန့်။ ငယ်စဉ်ထဲက type 1 diabetes (ဆီးချို) နဲ့ ကြီးပြင်းလာရသူမို့ End stage renal failure ရပြီး hemodialysis လုပ်နေရသူတဲ့။ Dialysis fistula နားမှာ cellulitis လို့ခေါ်တဲ့ infection ရထားလို့ IV antibiotics ရအောင်ဆေးရုံပေါ်ရောက်နေသူ။ vascular surgeon ကကြည့်ပြီး ပြည်မတည်သေးလို့ခွဲစရာမလို။ နောက် ၁-၂ရက်ဆို ဆင်းရတော့မှာတဲ့။ Diagnosis လဲရပြီးပြီ။ defined treatment plan လဲရှိပြီ။ response to treatment ကလဲရနေတဲ့ပုံဆ်ုတော့ ဒါမျိုးလူနာတယောက်ကို ရောင်းရတာ မြန်လေ့ ရှိတယ်။ ခေါင်းလဲသိပ်စားလေ့မရှိဘူး။ မြန်မြန်စမ်း, updated labs တွေ review လုပ် လူနာကိုရှင်းပြပြီး အများအားဖြင့် in and out 5-10 minနဲ့ အပြီးရှင်းလို့ရတယ်။ ဒီနေ့ အဲဒါမျိုး လူနာများပါစေလို့ ဆုတောင်းရင်း အခန်းတံခါးခေါက် တံခါးကိုတွန်းဖွင့်ပြီး လူနာခန်းထဲ လှမ်းဝင်သွားလိုက်ပါတယ်။

ကုတင်ပေါ်မှာ အသက် ၄၀ လောက်အမျိုးသားလူနာ တယောက်ရယ် အမေလို့ထင်ရတဲ့ အသက် ၆၀-၇၀ နှစ်ခန့် အမျိုးသမီးတဦးကတော့ ဘေးကထိုင်ခုံ ပေါ်မှာထိုင်နေပါတယ်။ လူနာကြည့်ရတာ အေးဆေး very comfortable ပါဘဲ။ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် ဘယ်သူပါဆိုတာ အရင်မိတ်ဆက်လိုက်ပါတယ်။ နောက်ပြီးလူနာကိုလဲ မေးလိုက်ပါတယ်။ ဒီအမျိုးသမီးကြီးဟာ အမျိုးလား? ဆရာဝန်စမ်းနေတုံး အခန်းထဲမှာ သူမ ရှိနေတာကို လူနာက OK ရဲ့လားပေါ့။ Routine လုပ်နေကြတွေပါ။ လူနာကလည်း OK ပါတယ် အမေပါလို့confirm လုပ်ပါတယ်။ အဲဒီအချိန်မှာ အမေက ဝင်ပြောပါတယ်။ “ Oh, we know who you are Dr Oo. By the way how is your baby girl doing?” ဘဦးတချက်တော့လန့် သွားပါတယ်။ ဘဦး မိသားစု(personal life) အကြောင်းကို အရမ်းရင်းနှီးတဲ့ နှစ်ရှည်လများ ကိုယ့်လူနာ ဖြစ်ဖူးတဲ့လူနာတချို့သာ တခါတလေ စကားစပ်မိလို့သိပါတယ်။ နောက်ဘဦးရဲ့သမီးဟာ အသက် ၂၁ နှစ်ရှိလို့ တက္ကသိုလ် တတိယနှစ်ရောက်နေပါပြီ။ သူ့ကိုယ် ခုချိန်မှာ ဘယ်သူမှ baby girl လို့မခေါ်တော့ပါဘူး။ “ Oh she is doing good, thank you” လို့ မရေမရာ ရောချဖြေလိုက်ရင်း လူနာကို ခပ်မြန်မြန်စမ်းလိုက်ပါတယ်။ ထင်တဲ့အတိုင်းဘဲ improving, on track as expected ဖြစ်နေတာတွေ့ပြီးအဲဒီအကြောင်းကို လူနာကို ရှင်းပြလိုက်ပါတယ်။ ထုံးစံအတိုင်း ဘာမေးစရာရှိလဲလို့ အပြီးသတ်မေးလိုက်ပါတယ်။ မရှိပါဘူးလို့လူနာက ပြန်ဖြေပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီလူနာကိုကြည့်တာ / ရောင်းတာ ကိစ္စပြတ်ပါပြီ။ နောက်ထပ်ရောင်းစရာ လူနာတွေလဲတပုံကြီးကျန်သေးတယ်။ အခန်းထဲက ထွက်သွားရုံပါဘဲ။ ဒါပေမဲ့ ဒီလူနာမှာတော့ လိပ်ခဲတင်းလင်းလေးရှိနေသေးတာနဲ့ အခန်းထဲက တန်းမထွက်သေးဘဲ “ By the way how do you know about my daughter who is now 21?” လို့ မေးလိုက်ပါတယ်။

အဲဒီမှာ အမေလုပ်တဲ့လူက ပြန်ဖြေပါတယ်။ ငါထင်ပါတယ်တဲ့ ။ ငါမင်းကိုပထမဆုံး စတွေ့ဘူးတာ လွန်ခဲ့တဲ့ နှစ် ၂၀ ကလေတဲ့။ မင်းသမီးလေးက တနှစ်သားလောက်ဘဲရှိအုံးမှာ ။ မင်းအလုပ်လာတော့ သူ့ကို baby carrier လို့ခေါ်တဲ့ ကလေးသယ်တဲ့ ခြင်းလေးနဲ့ ထဲ့ထဲ့လာတာ ငါမှတ်မိနေသေးတယ် တဲ့။ ဘဦးခမျာ ပိုလို့ခေါင်းကြီးသွားပါတယ်။ ဘယ်တုံးကမှ ကလေးကို အလုပ်ခေါ်သွားခဲ့လေ့မရှိပါဘူး။ နောက်ပြီး လူနာနဲ့လူနာရှင်က ဘဦးကိုသိတာ နှစ်၂၀ ရှိပြီဆိုရင် ဘဦးကတော့ ဘာလို့ သူတို့ကို recognize မလုပ်မိသလဲပေါ့။ “ အိုင်ပီရေ အမှုသွားလာကတော့ ထင်တာထက် ပိုရှုတ်ထွေးလာပြီဗျ” လို့ ရေရွတ်မိလိုက် ပါတယ်။

အဲဒါနဲ့ သူမကို ထပ်ပြီး လင်းပါအုံးဗျဆိုပြီးထပ်မေးရတယ်။ သူမက ပြောတယ် လွန်ခဲ့တဲ့ နှစ် ၂၀ တုံးက ငယ်စဉ်ထဲက type 1 diabetes (ဆီးချို) နဲ့မွေးလာတဲ့ သူမရဲ့သား ဟာ အသက် ၁၈နှစ် အရွယ် မှာ လုံးလုံးလျားလျား ကျောက်ကပ်ပျက် ( end stage renal failure) လို့ တပါတ် ၃ခါ dialysis လာရတယ်တဲ့။ အဲဒီတုံးက ဘဦးဟာ သူ့သားရဲ့ ဆရာဝန်တဲ့။ ကျောက်ကပ်ဆေးနေတုံး လာရောင်းလှည့်ရင် တခါတခါ သူထိုင်နေတဲ့ waiting room ကို ဖြတ်ပြီး ဘဦး ဝင်လာရင် ခုနပြောသလို သမီးပါလာတာ သူမှတ်မိလို့တဲ့။ သူ့သားဟာ hemodialysis ပေါ်မှာ ၅-၆ လဘဲ နေပြီး kidney transplant ( ကျောက်ကပ်အစားထိုး) ရလို့ နောက် ၁၆-၁၇ နှစ်လောက် dialysis မလုပ်ဘဲနေလို့ရနေခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကမှ transplant kidney ပြန်ပျက်စီးသွားလို့ dialysis ပေါ်ပြန်ရောက်လာတာပါတဲ့။ ဒါပေမဲ့ ခုတခါက် dialysis ပြန်စချိန်မှာတော့ outpatient dialysis unit မှာ လာရောင်းလှဲ့သူက ဘဦးမဟုတ်တော့ဘဲ ဘဦးရဲ့ partner ဖြစ်နေလို့ ဘဦးကို ခုလို ဆေးရုံတက်ချိန်ကျမှဘဲ ပြန်ဆုံရတာပါတဲ့ ရှင်းပြတယ်။

ခုမှဘဲ ဘဦးလဲ နဲနဲ မှန်းလို့ရပြီး လိပ်ပတ်လည် တော့တယ်။ ဘဦးဟာ လွန်ခဲ့တဲ့ နှစ်၂၀တုံးက ပထမအလုပ်ကနေ ယခုအလုပ်ကိုပြောင်းရာမှာ ချက်ခြင်းပြောင်းမရခဲ့ဘူး။ အဲဒီတုံးက အခုနေတဲ့ နေတဲ့ မြို့နဲ့ မိုင် ၁၀၀ လောက်ဝေးတဲ့ Flint ဆိုတဲ့မြို့မှာနေတာ။ စာချုပ်အရ အရင်အလုပ်က မထွက်ခင် ၃လ ကြို notice ပေးပြီးမှထွက်လို့ရတာ။ ဒါပေမဲ့ join မဲ့အလုပ်သစ်ကလဲ အဲဒီအချိန်မှာ လူအရမ်းလိုနေတယ်။ အထူးသဖြင့် peripheral clinic လို့ခေါ်တဲ့ ဝေးလံတဲ့ မြို့သေးတခုမှာရှိတဲ့ dialysis unit တခုမှာ သွားရောင်းလှဲ့ဖို့ သူတို့မှာ manpower မရှိဖြစ်နေတယ်။ အဲဒါနဲ့ သူတို့က ဘဦးကိုမေတ္တာရပ်ခံတယ်။ အလုပ်မစနိုင်ခင် ၃လအတွင်းမှာ စနေနေ့တွေမှာ အရင်အလုပ်ကနေ ဘဦးအားရင် Tue/Thur/ Sat shift dialysis လူနာတွေကို moonlighter အနေနဲ့ သွားရောင်းပေးပါ။ ပိုက်ဆံ မြက်မြက်လေးပေးပါမယ်တဲ့။ အဲဒီအချိန်မှာ သမီးက ၁၀လ လောက်ဘဲရှိအုံးမယ်။ တချို့အပါတ်တွေမှာ အေးမာနဲ့ထားလို့ရပေမဲ့ တချို့အပါတ်သူအလုပ်လုပ်လို့မအားချိန်မှာဆို ဘဦးက သမီးကို ရိက္ခာ ပစ္စည်းကရိယာ ( baby carrier/ baby bassinet/stroller/ pram) အကုန်တင် ပြီးခေါ်ချလာတယ်။ စနေနေ့လဲဖြစ် လူမရှုတ်, ဆေးရုံဝင်းထဲမဟုတ်ဘဲ outpatient dialysis unit ဆိုတော့လူမမြင်သူမမြင်ဆိုပြီးတော့လေ။ ပြီးတော့ သမီးကို ဆရာဝန် နားနေခန်း မှာအသာလေးထားခဲ့ပြီး ကပ်နေတဲ့ dialysis room ထဲမှာလူနာရောင်း ၁၀မိနစ်တခါလောက် သွားခြောင်း ငိုသံကြားမကြားနားစွင့်နဲ့ နုစဉ်က အိမ်မှာ လူပိုလဲမရှိတော့ ဖြစ်အောင်ရုန်းကန်ခဲ့ရပုံတွေလေ။ တချို့အပါတ်တွေမှာ တော့အားရင် အိမ်မှာလဲမနေခြင်ရင် အေးမာ လိုက်လာပါတယ်။ တကယ်ဆိုရင် ခုလို အလုပ်ခွင်ကို ကလေးခေါ်လာတာ စည်းကမ်းချိုးဖေါက်ရာရောက်ပါတယ်။ တိုင်မယ်ဆိုရင် အတိုင်ခံရနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကခုလောက် စည်းကမ်းမတင်းကြပ်သေးတာရယ်, private practice ဖြစ်နေတာရယ်, nurses တွေနဲ့ ခုနလို လူနာရှင်တွေက နားလည်မှုကြောင့် ဘဦးအတိုင်မခံခဲ့ရတာပါ။ ခုခေတ် COVID ဖြစ်ချိန်မျိုးမှာ အဲလိုလုပ်လို့ကတော့ မိုးမီးလောင်လိုက်မဲ့ ဖြစ်ချင်း။ နုစဉ်က ကြောက်ရကောင်းမှန်းမသိ မျက်ကန်းတစ္ဆေမကြောက်တာရော ငွေလိုတာရော အကုန်ခြုံပါတာပေါ့လေ။

အဲဒါနဲ့ လူနာရှင်နဲ့ဆက်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေဆက်ပြောဖြစ်ပါတယ်။ မိသားစုနဲ့ သမီးအကြောင်းကိုမေးလို့ wallet ထဲက သမီးပုံထုတ်ပြပြီး သမီးကြောင်းတွေပြောပြပါတယ်။ မိဘချင်းစာနာပြီး သူ့သားအကြောင်းကိုလဲ လူနာတဦးကိုမေးတာထက် ပိုမေးမိတော့သူမကလဲရှင်းပြပါတယ်။ သူတို့တွေက Scandinavian descendant တွေပါ။ Diabetes runs in the family တဲ့။ ငယ်ငယ် ရွယ်ရွယ်နဲ့ နာတာရှည် ဆီးချိုရပြီး ကျောက်ကပ်ရောဂါရခဲ့တဲ့သူ့သားဟာ kidney/ pancreas transplant ရပြီး ၄-၅ နှစ်ဟာတော့ သူ့ဘဝမှာ အပျော်ဆုံး အကောင်းဆုံးအချိန်တွေပါဘဲတဲ့။ Pancreas transplant ရလို့ ဆီးချိုလဲပျောက်သွားတယ်။ Kidney transplant ရလို့ dialysis မလုပ်ရတော့ home bound မဖြစ်တော့ဘဲ ခရီးတွေလဲ ထွက်လို့ရခဲ့တယ်တဲ့။ သူတို့ထွက်ခဲ့တဲ့ ခရီးစဉ်က ပုံတွေတချို့ကို ဖုံးထဲကထုတ်ပြတယ်။ Florida, smoky mountains, Alaska စသည်ဖြင့်ပေါ့။ သူ့သားဟာ Home Depot မှာလဲ stocker အနေနဲ့ အလုပ်ရတယ်တဲ့။ Girlfriend/ fiancé တယောက်လဲရပြီး ကလေးတယောက်လဲရတယ်တဲ့။ ဒါပေမဲ့ ၇နှစ်လောက်အကြာမှာ pancreas transplant ကစပြန် fail ဖြစ်, ဆီးချိုပြန်ဖြစ်လို့ insulin စပြန်ထိုးရတယ်တဲ့။ လွန်ခဲ့တဲ့ ၅-၆ နှစ်လောက် ကစပြီး kidney transplant ကလဲ fail ဖြစ်လာပြီး လွန်ခဲ့ တဲ့ ၃-၄ နှစ်မှာdialysis ပြန်စရတယ်တဲ့။ ဒါတင်မက diabetes ရဲ့တခြား complications တွေလဲဝင်လာခဲ့တယ်။ မျက်လုံးတဖက်က retinopathy ရပြီးလုံးဝ မမြင်တော့ဘူး။ Coronary artery disease လဲရှိတာမို့ heart stent လဲထဲ့ထားရပြီ။ သွေးစီးဆင်းတာမကောင်းတဲ့ peripheral artery disease လဲရှိလို့ ခြေထောက်တဖက်ကလဲ below knee amputation လုပ်ထားရပြီ။ ဒီ တနှစ်လောက်အတွင်းမှာ တလခြားတခါလောက်ဆေးရုံရောက်နေတာဘဲတဲ့။ အလုပ်လဲ မလုပ်နိုင်တော့ဘူး။ Girlfriend/ fiancé နဲ့လဲကွဲပြီး အခုမိဘအိမ်မှာဘဲ နေနေရတယ်တဲ့။ လောကကြီးမှာ ပြောင်းပြန်လေ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ မိဘက ဒုက္ခိတ သားသမီးကိုပြန်စောင့်ရှောက်နေရတယ်။ ခုလို ရောဂါတွေစုံ ( comorbidities) တော့လဲ transplant နောက်တခါရဖို့ကလဲမလွယ်လှဘူးလေ။ ဒါပေမဲ့ အဲဒီ့မိခင်ဟာ ဒီလောက်လောကကြီး မှာ အခက်ခဲတွေကြုံရပေမဲ့ နာကြည်းတဲ့ လေသံမပေါက်ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေတာကို လေးစားစွာသတိပြုမိခဲ့ပါတယ်။ ကိုယ့်ကိစ္စကိုကြီးဘဲ အမှုထားမနေဘဲ လွန်ခဲ့တဲ့ နှစ်၂၀ က ခဏတာဆုံဖူးတဲ့ ဘဦးကိုတောင် အမှတ်တရနဲ့ မိသားစုအကြောင်း သတင်းမေးဖို့ သူမှာ အချိန်နေရာ ပေးနိုင်ခဲ့ပါတယ်။ ဘဦးသာ သူ့နေရာမှာဆို why me ဆိုတဲ့ စိတ်မျိုးနဲ့ လောကကြီး ကိုနာကျည်းနေမလား မသိ။ သူမဟာ တရားရှိသူ တဦး လို့ဘဲ ဆိုရမှာဘဲ။

စကားစ မဖြတ်ချင်တာနဲ့ အကြာကြီးပြောပြီးမှ နှုတ်ဆက်ပြီး လူနာခန်းထဲက ဘဦးထွက်လာချိန်မှာ နာရီတချက်ကြည့်လိုက်ပါတယ်။ ၁၀ မိနစ်ဘဲ အချိန်ပေးမယ်မှန်းထားတဲ့လူနာမှာ နာရီဝက်ကြာသွားမှန်းသတိပြုမိလိုက်ပါတယ်။ ရောဂါ အကြောင်းဆွေးနွေးတာ မဟုတ်လို့ 99232 ကနေ 99233 အဖြစ် upcode လုပ်လို့လဲ မရပါ။ သို့သော် ဘဦးနောင်တမရပါ။ မိမိတို့ရဲ့ confidential ဘဝ ဇာတ်ကြောင်းကိုရှင်းပြတာကို နားထောင်ခွင့်ရခြင်းဟာ သမား တယောက်ရဲ့privilege ပါ။ ကိုယ် ထမင်းစား နာရီဝက်နောက်ကျ အိမ်ပြန်နာရီဝက်နောက်ကျလို့ ဘာအရေးလဲ။ တခါတလေတော့လဲ ဆရာဝန် လုပ်စားရတာကို ကြည်နူးနှစ်သက်မိပါတယ်။

Comment

Share

How to get into Ivy League Colleges: Part -3 ( Ivy League နှင့် top 10 အမေရိကန်ကောလိပ်/တက္ကသိုလ်ဝင်ခွင့်ရလိုသူများလမ်းညွှန်။

Yale University.

၃.  စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ ( extra curricular activities)

အားကစား, လုပ်အားပေး , အသင်းအဖွဲ့,  ခေါင်းဆောင်မှုအရည်အသွေး, ဝါသနာ , သုတေသန နှင့် စာတန်းပြုစုမှုအတွေ့အကြုံ စသည်တို့ကို ဆိုလိုပါတယ်။ တခုခု ရှိတာ ကောင်းပါတယ်။ စာကလွဲလို့ ဘာမှ သုံးမရတဲ့ စာဂျပိုး လို့အမြင်မခံရအောင်ပါ။ ဘယ် activity ကမှ ပိုကောင်းတယ်ရယ်လို့မရှိပါ။ ဒါပေမဲ့ ဘယ်ဟာကို မဆို လုပ်ပြီဆိုလျှင်တော့ ဇောက်ချပြီး တစိုက်မတ်မတ်လုပ်သင့်ပါတယ်။ အသင်း (club) ၃-၄ ခုမှာ အဖွဲ့ဝင်အဖြစ်ရှိတာထက် ကိုယ်တကယ် စိတ်ပါတဲ့ အသင်း တခုထဲမှာ ဥက္ကဋ္ဌ, အတွင်းရေးမှုး ဖြစ်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် အဲလို ဖြစ်နိုင်ဖို့ဆိုရင် ၉တန်း ထဲက စပြီး အသင်းဝင် အနေနဲ့ စတင် ပါဝင် လှုပ်ရှားသင့်ပါတယ်။ ဒါမှ ၁၁/၁၂ တန်းရောက်ရင်ကိုယ်က ခေါင်းဆောင် နေရာတွေကို ဝင် အရွေးခံဖို့ အနေတော်ဖြစ်မှာပါ။ အင်္ဂလိပ် လိုတော့ leadership skills လို့ခေါ်ပါတယ်။ နွေရာသီမှာ ပိုက်ဆံပေးတက်ရတဲ့ leadership skill courses တွေရှိ ပေမဲ့ တကယ် အပြင်မှာလက်တွေ့ သရုပ်ဖေါ်ပြပြီး ကျောင်းမှာ ခေါင်းဆောင် တက်ဖြစ်တာက သင်တန်းတက်ပြီးရတဲ့ လက်မှတ်ထက် ပိုတာသွားပါလိမ့်မယ်။ 

နမူနာ ကျောင်းတွေမှာ ရှိလေ့ရှိတဲ့ အသင်းအဖွဲ့တွေကတော့  ကျောင်းသတင်းစာတို့, စကားရေလုအသင်း( debate club), စက်ရုပ်အသင်း (robot club), key club, ကျောင်းကောင်စီ ( student government) , စသည့် ဝါသနာပါရာအသင်းအဖွဲ့တွေဖြစ်ပါတယ်။  တကယ်လို့ ကိုယ်က idea ထူးထူးခြားခြားလေးရပြီး ကျောင်းမှာ မရှိသေးတဲ့အသင်း တခုကို ကိုယ်က အောင်မြင်စွာ ထောင်ဖြစ်ရင်တော့ founder of a club အနေနဲ့ အတော်လေး impression ကောင်းကောင်းရတတ်ပါတယ်။ တခါတလေကျလဲ ကျောင်းမှာရှိတဲ့ အသင်းလောက်နဲ့တင်မရပ်ပါနဲ့။ မျက်စိ ဖွင့်ထားပါ။ ရပ်ကွက်, မြို့နယ် level မှာ လှုပ်ရှားတဲ့ အသင်းတွေမှာ ပါဝင် လှုပ်ရှားခဲ့ရင်လဲ  ကျောင်းက အသင်းအဖွဲ့တွေမှာ လှုပ်ရှားတာနဲ့ တန်းတူ ပါဘဲ။ တမြို့နဲ့တမြို့, တကျောင်းနဲ့တကျောင်း, ကိုယ့်ဝါသနာနဲ့သူ့ဝါသနာ အများကြီး ကွဲပြား တာမို့  တဦးလုပ်တာနဲ့တဦးကို အရမ်းကြီး နှိုင်းယှဉ်ဖို့ မကြိုးစား သင့်ပါ။ အိုင်ဒီယာလေးသာယူ ပြီးကိုယ်နဲ့ သင့်တော်တာကို ရှာလုပ်သင့်ပါတယ်။

Leadership ပြီးနောက်တခု ကြည့်တာတော့ service ( လုပ်အားပေးမှု) ပါ။ အဲဒီမှာ လဲ တခုခုကို စွဲစွဲမြဲမြဲလုပ်တာကပိုကောင်းပါတယ်။ ဥပမာ တပါတ်တရက် ၄နှစ်ဆက်တိုက် food pantry မှာလုပ်အားပေးထားတာက နွေရာသီ တခါလောက် nursing home မှာ တပါတ် သွားလုပ်အားပေးဖူးတာထက် ပို impactful ဖြစ်ပါလိမ့်မယ်။ ကိုယ့်ထက်အတန်းငယ်ပြီး စာ မလိုက်နိုင်ဖြစ်နေတဲ့ ကျောင်းသားမျိုးကို free tutoring /စာသင်ပေး ခြင်းမျိုးဟာလဲလုပ်အားပေး အိုင်ဒီယာတမျိုးပါဘဲ။

နောက်တခုကတော့ music နဲ့ Sports ပါဘဲ။ ခြုံပြောရရင်, ဝါသနာပါရင်တော့လုပ်ပါ။ ဒါပေမယ့် Ivy နဲ့ top 10 schools ဝင်ဖို့လုပ်နေတာဆိုရင်တော့ တခြား activity တွေလောက် လုပ်ရကြိုးနပ်လေ့မရှိပါဘူး။ They are mistakenly overrated. Hard proof တော့မရှိပါ။ My own personal experience and sixth sense လို့ဘဲဆိုပါရစေ။ ဆိုလိုတာက အရမ်းကိုထိပ်ရောက် အောင်မြင်မှ နဲနဲ ထဲ့ အစဉ်းစားခံရပါတယ်။ စန္တယား တီးတတ်ရုံ, တယောထိုးတတ်ရုံနဲ့ အမှတ်ပိုမရပါဘူး။ Taylor Swift လောက်အောင်မြင်ပြီး စီးရီးတွေဘာတွေထွက်ထားနိုင်ရင်တော့တမျိုးပေါ့ ။ အားကစားလဲထိုနည်းတူပါဘဲ။ ဝါသနာပါရင်တော့လုပ်ပါ။ ကျန်းမာရေး အတွက် လုပ်ခြင်ရင်လုပ်ပါ။ ဒါပေမဲ့ ကျောင်း တင်းနစ်လက်ရွေးစဉ်ဖြစ်ရုံလောက်, ရေကူးအသင်း ကက်ပတိန်ဖြစ်ရုံလောက်နဲ့ အမှတ်ပိုမရပါ။ National (တနိုင်င်ငံလုံး အဆင့်), regional level champion လောက်ဖြစ်ရင်တော့တမျိုးပေါ့။ဒါပေမဲ့problem က အဲဒီ level  ရောက် အောင်မြင်တဲ့ အားကစားသမား တဦးဖြစ်ဖို့က အရမ်းရင်းနှီး ( sacrifice) ရပါတယ်။ အဲဒီ level  အားကစားသမား တွေဟာ တနေ့ ၄-၅ နာရီ , တပါတ် ၆ရက်လောက် ၇-၈နှစ်လောက် လေ့ကျင့်training ယူကြရပါတယ်။ အများစုက စာကို ပစ်ပြီး အားကစားကိုဘဲ စုံးလုံး နှစ်လိုက်ရလေ့ရှိပါတယ်။ ဒါတောင်ကိုယ့်ကလေးက talent ရှိပြီး အသက် ၇-၈ လောက်ထဲက စ ကစားထားမှ။ အဲလို အားကစားသမား ကလေးတွေကဘယ်အားကစားမှာမဆိုတပုံကြီး။ အထူးသဖြင့် Caucasian ( လူဖြူမျိုး) တွေပေါ့။ မောင်ဘဦး အတွေ့အကြုံ ပြောရရင် top 10နဲ့ Ivy ကိုဝင်သွားကြတဲ့ ကိုယ့်ရှေ့ကကလေးတွေရော, ကိုယ့်သမီး ကိုယ်တိုင်ကော ဘယ်သူမှအားကစားကို အားမကိုးနိုင်ကြပါဘူး။ သမီးဆိုရင် အသက် ၈-၉နှစ်ထဲက တပါတ်၆ရက် လုပ်လာတဲ့ , ကိုယ့်district level မှာ ချန်ပီယန် ဖြစ်နေတဲ့ အားကစားကို ၁၁ တန်းကစပြီး လျှော့လိုက်ရ ပါတယ်။ အများစုလဲ အရင်ပါနေကျ အားကစား အသင်းတွေကတောင်ထွက်, ကစားချိန်ရှော့ စသည်ဖြင့် စာများတဲ့  ၁၁တန်းလောက်မှာ adjust ပြန်လုပ်ပေးရပါတယ်။ ဆိုလိုတာက to get a bigger bang for the buck ရခြင်ရင် အားကစားကို ပိုဖိမဲ့အစားဥပမာ AP subject ပိုယူတာတို့ , SAT practice ကို ဖိလုပ်တာတို့က ပိုတွက်ခြေကိုက်လိမ့်မယ်။  

နောက်ဆုံး တခုကတော့ သုတေသန အတွေ့ အကြုံ, စာတန်းပြုစုမှု ( research and publication experience) နဲ့အလုပ်သင် ( internship) အတွေ့အကြုံတွေပါ။ ရှိနိုင်ရင်ကောင်းပါတယ်။ ကိုယ့်ကျောင်း ကိုယ့်အရပ်နဲ့ ကိုက်ညီတဲ့ပေါ်လာတဲ့ အခွင့်အရေး ကို ဖမ်းဆွဲ ယူရတာမို့ အရံသင့် မျက်စေ့ဖွင့် နားစွင့်ထားပါ။ တနေရာနဲ့တနေရာ  တကျောင်းနဲ့တကျောင်း ထပ်တူမကျပါ။ တချို့ကျောင်းတွေက အဲလိုမျိုး သုတေသန လုပ်တဲ့ system/ tradition ကbuilt in ဖြစ်ပြီးနေပေမဲ့ တချို့မှာတော့ ကလေးက actively seek out လုပ်ရတယ်။ က​လေးကကိုယ်လုပ်ချင်စိတ်ရှိတာကို ဆရာတွေကသိအောင် ကိုယ့် ဘက်ကစပြီး initiate လုပ်ရပါမယ်။ တချို့ ဒေသမှာတော့ ကျောင်းတွေကအနီးနားက industry, စက်ရုံ, တက္ကသိုလ် တွေနဲ့ ချိတ်ဆက် collaborate လုပ်ထားပြီး ကိုယ့်ကျောင်းသားကို အဲဒီနေရာတွေကို ပို့ပေးနိုင်တဲ့ အစီအစဉ် တွေ ရှိ ကောင်းရှိနေနိုင်ပါတယ်။ မျက်စိဖွင့် ထားကြပါ။ 

Harvard University – statue of John Harvard. Rubbing his left foot is supposed to bring good luck.

၄.  ကျောင်းဝင်ခွင့် စာစီစာကုံး ( admission essay)

မရေးမနေရ အနဲဆုံး တပုဒ်ရေးရပါတယ်။ တချို့ ကျောင်းတွေက ၂-၃ ပုဒ်ရေးရပါတယ်။ ကျောင်းလျှောက်လွှာတင်ရာမှာ ကျောင်းသား တွေနဲနဲ အလုပ်ရှုပ်သက်သာအောင် standardized တပုံစံထဲဖြစ်အောင်လုပ်ထားတဲ့ ကျောင်းတိုင်းလိုလို ကလက်ခံတဲ့ common application form ဆိုတာရှိပါတယ်။ အဲဒီ form ထဲမှာပါတဲ့  အက်ဆေးက common essay လို့ခေါ်ပြီး အဓိက အကျဆုံး ဖြစ်ပေမဲ့ တချို့ ကောလိပ် တွေက College specific essay ( ဥပမာ သင်ဘာကြောင့် MIT တက်ခြင်ပါသလဲ ဆိုတဲ့ အက်ဆေးမျိုး) ထပ်ရေးခိုင်းပါတယ်။ 

Common essay မှာက prompt ( ခေါင်းစဉ်) မရှိဘူး ။ ရေးချင်တာရေးလို့ရတယ်။ ဒါပေမဲ့ စာလုံး ၆၅၀ ထိဘဲရေးခွင့်ရှိတယ်။ type စာလုံးနဲ့ဆို A4 paper ရဲ့ တမျက်နှာခွဲ လောက်သွားကျမယ်။ တော်တော် ခေါင်းခြောက်ရပါတယ်။ ကိုယ့် resume မှာပါ ပြီးသား accomplishments တွေကို စာကြောင်းအနေနဲ့ ပြန်ရေးလို့ကတော့ဘဲဥဘဲ။ကျောင်းသား ဟာ ဘယ်လောက် creativity and original idea ရှိလဲ, ရှိတဲ့ဟာကို သူများက နားလည်အောင် ချရေးပြနိုင်တဲ့ Grammer and language skill ရှိမရှိ, လိုရင်းကို ရောက်အောင် ကျစ်ကျစ်လစ်လစ် ရေးနိုင်မရေးနိုင်, ဖတ်သူစိတ်ဝင်စား အောင် ဆွဲဆောင် နိုင်ခြင်းရှိမရှိ, vocabulary ဘယ်လောက် ကြွယ်ဝ မကြွယ်ဝဆိုတာ တွေကို တခါထဲ indirectly ပေါင်းစစ်လိုက်တဲ့သဘောမျိုး ပါဘဲ။ ဒီနေရာ မှာတော့ ခဏ ခဏ အတန်းထဲမှာ essay assignment ပေးခံရသူတွေ, advanced AP level English ယူထားသူတွေက အကျင့်ရနေပြီး နဲနဲ တပန်းသာနိုင်ပါတယ်။ အများစုဟာ ၁-၂ လကြိုပြီး ဘာရေးမယ်ဆိုတာ ကို ကြို စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်က  လျှင်ရင် အက်ဆေးထဲမှာ ကိုယ့်ရဲ့ accomplishment လေးတွေကိုပါ မသိမသာ ပါးပါးလေး ထဲ့လို့ဖြစ်နိုင်ပါတယ်။ ၄တန်းကျောင်းသားရေးသလို “ about myself “ essay မဖြစ်သွားရင် ပြီး တာပါဘဲ။ Essay စာအုပ်တွေ ဝယ်ဖတ်ပြီး နဲနဲ idea သိရုံလောက်ဖတ်တာတော့ အမှား မရှိပေမဲ့ ကိုယ့် အော်ရီဂျင်နယ် အိုင်ဒီယာနဲ့ ၁၇-၁၈ အထက်တန်း ကျောင်းသားအမြင်နဲ့ ရေးဖို့က  ပိုအရေးကြီးပါတယ်။ Cliche တွေထပ် နေတဲ့ အက်ဆေး, အသက် ၄၀ အရွယ် English literature ပါမောက္ခ စတိုင် နဲ့ ရေးထား တဲ့ အက်ဆေးတွေ ကိုလဲ admission officer တွေက မကြိုက်ပါ။ 

Stanford University Main Quad at night.

 .  ထောက်ခံစာများ ( recommendation letters)

၂စောင် တောင်းလေ့ရှိပါတယ်။ ၂စောင်လုံး ကျောင်းက ဆရာတွေ ဆီကဖြစ်သင့်ပြီး အနဲဆုံး တစောင်က ဆရာဆီက ဖြစ်ရပါမယ်။ နောက်တစောင်ကတော့ counsellor တို့ အားကစားနည်းပြ ( Athletic coach) တို့ ကပေး မယ်ဆိုလဲလက်ခံပါတယ်။ အရေးကြီးတာက generic မဟုတ်ဘဲ ကျောင်းသား ကို သေချာသိ တဲ့ သူက ရေးတဲ့ထောက်ခံစာမျိုး ကမှ ပို တာသွားပါတယ်။ ကျောင်းသားကလည်း နဲနဲ လူရည်လယ် ဖို့လိုပါတယ်။ ကိုယ့်ကိုအကောင်းရေးပေးန်ုင်လောက်တဲ့ ဆရာမျိုးကို အကဲခတ်မိပြီး လိုမှသွားတောင်းတာမဖြစ်ရအောင်  ဆရာနဲ့ခင်မင်နေအောင် ၈လ တနှစ် ကြ်ုပြီး relationship build up လုပ်ထားရပါမယ်။ ကိုယ်သွားချင်တဲ့ field က ဆရာ ဆီက ရနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ ကိုယ်က chemistry ကို မေဂျာ ယူနေချင်ချိန်မှာ ထောက်ခံစာကောင်းကောင်း ရေးပေးမဲ့ သူကလည်း Chemistry ဆရာဖြစ်နေရင်တော့ perfect ပါဘဲ။ ထောက်ခံစာကောင်းကောင်းတခု ရထားရင်လဲ အတော်တာသွားပါတယ်။ 

Final thoughts:

ကဲ အပိုင်း 3 ပိုင်း လုံးလိုက်ဖတ်လို့ ဒီဘူတာ ထိရောက်လာပြီဆိုရင်တော့ စာဖတ်သူဟာ ဆေး မမှီ တော့ပါဘူး။ဘယ်လိုဘဲ ဘူးခံဘူးခံ သင်ဟာနဲနဲတော့ ကိုယ့်ကလေးကို Ivy and top 10 colleges ရောက်စေချင်တဲ့ ဆန္ဒရှိတယ်, ရှိခဲ့တယ် ဆိုတာ ပေါ်နေပါပြီ။ စိတ်မပူပါနဲ့ မောင်ဘဦး လဲ အဲဒီ ပါတီဝင်ပါဘဲ။ တန်ဆေးလွန်ဘေးမို့ တဖက်စွန်း ကိုမရောက်ရင်ပြီးတာပါဘဲ။ ကလေး ကိုယ်နှိုက်ကလဲ  အဲလိုကျောင်းမျိုး တက်ခြင်တယ်ဆိုရင် မိဘက guide လုပ်ပေးနိုင် အောင်လို့ပါ။ နိဒါန်းတုံးက ပြောခဲ့တာလေးကိုဘဲ နိဂုံးမှာ ထပ်ပြောခြင်ပါသေးတယ်။ Ivy လိုနံမည်မကြီးပေမဲ့ ပညာရေးရော  ကျောင်းပြီးလို့ အလုပ်ရှာရင်ရော Ivy လိုရော Ivyထက်တောင် ကောင်းတဲ့ကျောင်းတွေရှိပါတယ်။  ဘဝမှာအောင်မြင်ဖို့ Ivy Colleges တွေတက်ဖို့ လုံးဝ မလိုအပ်ပါ။ ကလေးက ကြိုးစားချင်စိတ်ရှိရန်သာလိုပါသည်။ဒါပေမဲ့ ဒီလောက်နားချလို့ မှ နားမဝင်,တားဆီးမရ  Ivy and top 10 တက်ရအောင် ဆက်လုပ် အုံးမယ် ဆိုရင်တော့မောင်ဘဦးရဲ့ ကိုယ်တိုင် အတွေ့အကြုံ ကို မှီ ညမ်းပြီး ရေးလိုက်တဲ့ ဒီဆောင်းပါး လေးဟာ  ဆယ်ပြားဖိုးလောက်တော့ အသုံး တဲ့ ကောင်းပါစေရဲ့လို့။ တကယ်လို့ Ivy and top 10 မဝင်ရင်လဲ ဒီထဲမှာ ပါတဲ့ လမ်းစဉ် တွေဟာ top 20 colleges တို့ top 30 တို့ ကို ဝင်နိုင်စေရာမှာ, merit scholarship တွေ ရစေရာမှာ တစိတ်တပိုင်း သွားအထောက် အကူ ဖြစ်လိမ့် မယ်လို့ ရဲရဲ ကြီး အာမခံ ပါကြောင်း။ 

ပြီးပါပြီ။

မောင်ဘဦး

Studying in the library at Hogwarts University.

How to get into Ivy Colleges: Part 2

Ivy League နှင့် top 10 အမေရိကန် ကောလိပ်/တက္ကသိုလ် ဝင်ခွင့်ရလိုသူများလမ်းညွှန်။ 

ကျောင်းလျှောက်ရာမှာ အဓိက ကျတဲ့အစိတ်အပိုင်းများ။ 

၅ခု အကြမ်းဖြင်းစဉ်းစားနိုင်ပါတယ်။ တပိုင်းစီကိုလဲ အသေးစိတ်ပြန်ရှင်းအုံးမှာပါ။ ၅ခုလုံးကိုကောင်းဖို့လိုပါတယ်။ အမှတ်ကြီးဘဲကောင်းလို့မလုံလောက်သလို အမှတ်က အရမ်းနဲပြီး လုပ်အားပေးတွေကြီးဘဲများနေလို့လဲ မဖြစ်ပါဘူး။ 

၁ . ကျောင်းမှာယူခဲ့တဲ့ ဘာသာရပ်(class) များနဲ့ အမှတ်စာရင်း ( GPA)

၂ .   တနိုင်ငံလုံးအနေနဲ့စစ်တဲ့ အစိုးရစစ်လို့ခေါ်နိုင်တဲ့ SAT/ACT စာမေးပွဲတွေရဲ့အမှတ် ( scores and results of the standardized tests)

၃ .   Extracurricular လို့ခေါ်တဲ့ ကျောင်းစာပြင်ပ လှုပ်ရှားမှုများ – အားကစား, လုပ်အားပေး, အသင်းအဖွဲ့လှုပ်ရှားမှု, ခေါင်းဆောင်မှု, သုတေသန လုပ်ငန်း/ စာတန်းအတွေ့အကြုံ စသည်တို့ 

၄ .  ထောက်ခံစာများ ( recommendation letters)

၅ .  ကျောင်းဝင်ခွင့်စာစီစာကုံး ( admission essay) 

အရမ်းကို တခြားတဖက်ဖက်မှာ ထူးခြား ထူးချွန်နေသူတချို့ကတော့အဲဒါတွေမလိုပါဘူး။ ဥပမာ ဂေါက်သီးသမားTiger Woods (Stanford ကနေ ၂နှစ်နဲ့ထွက်သွား) တို့,  2002 Olympics Figure Skating champion Sarah Hughes ( Yale alumnus) တို့ပေါ့။ Florida Parkland high school mass shooting မှာ ဒဏ်ရာရပေမဲ့ကံကောင်းလို့ မသေတဲ့ David Hogg ဆိုတဲ့ကျောင်းသားတဦးဟာ  gun control activist အနေနဲ့ တနိုင်ငံလုံး ကိုလှဲ့ပြီးသူ့အတွေ့အကြုံကိုဟောပြော, TV , radio တွေမှာ အင်တာဗျုး တွေပေး, စတဲ့ လုပ်ရပ် တွေကို activist တယောက်အနေနဲ့ ကျောင်းကနေ တနှစ် ( break) အနားယူလှုပ်ရှားခဲ့အပြီးမှာတော့  ကျောင်းပြန်လျှောက်ချိန်မှာHarvard ကသူ့ကို SAT အမှတ်နဲပေမဲ့လဲ ၂၀၁၉မှာ ကျောင်းဝင်ခွင့်ပေးခဲ့ပါတယ်။ အဲလို exceptional circumstance ရှိတဲ့ကျောင်းသားမျိုးကတော့ ဒီဆောင်းပါးရဲ့ အကြံပေးချက်တွေကို လိုက်စရာမလိုပါ။ 

Columbia University, New York City.

၁။ ကျောင်းတွင်ယူခဲ့သော ဘာသာရပ်(classes/courses) နှင့်မိမိ ကျောင်းမှ အမှတ်စာရင်း(Grade Point Average/GPA)

GPA ဆိုတာတော့ လွယ်လွယ်ပြောရရင် အမှတ်ပါဘဲ။ ဘာသာရပ်တခုမှာ အမှတ် ၁၀၀ ရရင် အကြမ်းဖြင်း GPA 4.0 လို့ယူဆပြီး ၉၅မှတ်ရရင် GPA 3.95 လို့ယူဆကြည့်ပါ။ Ivy/top 10 ကျောင်းတွေက အားကစားတွေ/ လုပ်အားပေးတွေ/ အသင်းအဖွဲ့တွေ ဘာပဲ ပြောပြော academic ကောင်းဖို့ကတော့ basic အနေနဲ့ နဲနဲ လိုပါတယ်။US အထက ကျောင်းတွေဟာ တနိုင်ငံလုံး တပြေးညီ သင်ရိုးညွှန်းတန်းတခုထဲနဲ့သင် တာမဟုတ်ပါ။ ကျောင်းဘယ်လောက်ကြီးတယ် funding ဘယ်လောက်တောင့်တယ်ပေါ်တည်ပြီး ဘယ် course တွေကို ယူလို့ရမရ အခွင့်ရေးတွေ နဲနဲ ကွာပါတယ်။ ခြုံပြောရရင်တော့ အထက်ပါ ကောလိပ်များ ဝင်လိုသူကျောင်းသားဟာ challenging class လို့ခေါ်နိုင်တဲ့ ပိုမြင့် ပိုခက်တဲ့ class ၆-၇ ခုလောက်တော့ high school သက်တမ်း မှာ ပြီးထားသင့်ပါတယ်။အဲဒီ အတန်းတွေကို Advanced Placement (AP) class လို့ခေါ်ပါတယ်။ လွယ်လွယ် ရှင်းပြရရင်တော့ တက္ကသိုလ်ပထမနှစ် ဒုတိယနှစ်မှာ ယူရတဲ့ class တွေပါ။ ဒါပေမဲ့ ယူရုံနဲ့လဲ မပြီးပါဘူး။ အမှတ်/GPA လဲအဲဒီဘာသာမှာကောင်းရပါမယ်။ ခက်လို့ စာမလိုက်နိုင်လို့ GPA အရမ်းကျသွားရင် AP class ကိုမယူတာမှကောင်းပါလိမ့်မယ်။ကျောင်းသား တယောက် AP class ယူသင့်မယူသင့်ကို ၈/၉/၁၀ တန်းက အမှတ်တွေကိုသုံးသပ်ပြီး ကျောင်းကstudent counsellor တွေကလဲ အကြံပေး လေ့ရှိပါတယ်။ ပုံမှန်အတန်းတွေမှာ အများဆုံး ရနိုင်တဲ့ GPA က 4ပါ။ AP class ကိုတော့ adjusted လုပ်ပေးတဲ့အနေနဲ့ အမှတ်၁၀၀ အပြည့်ရရင် GPA ကို 5 အထိတက်ပေး လို့ရပါတယ်။ ဒါပေမဲ့ကျောင်းတိုင်းမှာ မပြီးမဖြစ်ပြီးရမဲ့course/class တွေလဲရှိပါသေးတယ်။ ၄နှစ်အတွင်းမှာ အဲဒီ classes တွေမပြီးထားရင် AP ရဲ့ဘိုးအေ class တွေဘဲယူထားယူထား high school အောင်လက်မှတ် ထုတ်မပေးပါ။ 

ဥပမာ ပေးရရင် မစ်ချီဂန် အထက်တန်းကျောင်းတွေမှာ  သင်္ချာမှာ Algebra 1 & 2, နဲ့ Geometry ကို ၄နှစ်အတွင်းမှာ ပြီးအောင်ယူရပါတယ်။ဒါက အနဲဆုံးလိုအပ်ချက်ပါ။ အင်္ဂလိပ်စာ မှာဆိုလဲ High school English 9,10,11,12 class တွေအနဲဆုံးပြီးရပါမယ်။ အဲဒီ class တွေက အမှတ်ပြည့် ၁၀၀ ရရင် အမြင့်ဆုံး GPA 4အထိရနိုင် ပါတယ်။ပုံမှန်ကျောင်းသား တယောက် ဟာဆိုရင် ဥပမာ ၉တန်းမှာ Algebra 1 နဲ့ English 9, ၁၀တန်းမှာ Algebra 2 နဲ့English 10. စသည်ဖြင့်ယူသွား ကြပါတယ်။ ကျောင်းကောင်းသွားချင်တဲ့ ကလေးကတော့ အဲဒီနှုန်းနဲ့ သွားလို့မရပါဘူး။  ဥပမာ ၉တန်းမှာထဲက Algebra 1&2, English 9&10,  ၁၀တန်းမှာ Geometry နဲ့ English 11 & 12 စသည်ဖြင့်ပြီးအောင် ပိုများများ မြန်မြန် ယူထားရပါတယ်။ ဒါမှ ၁၁ တန်းလဲ ရောက်ရော Math AP class ဖြစ်တဲ့ Calculus တို့Statisticတို့,  English မှာဆိုလဲ  AP English literature တို့ AP English language and composition တို့ ဆိုတာတွေကို တက်ယူနိုင်မှာ  ဖြစ်ပါတယ်။ တချို့ ကျောင်းတွေမှာ ဆိုရင်  ကလေးက အလယ်တန်း ကျောင်းမှာ ထဲက စာလိုက်နိုင်ရင် accelerated class အနေနဲ့ Algebra 1 တို့ Algebra 2 တို့အထိ မြှင့်သင်ခဲ့တာလဲရှိပါတယ်။ အဲဒါ မျိုးဆိုရင်တော့ ကလေးက ၁၀ တန်းထဲကတောင် တချို့ AP class တွေစ ယူနေနိုင်ပါပြီ။

ဒါပေမဲ့ AP ယူရုံနဲ့လဲ မပြီးပါဘူး။ သင့်တော်တဲ့AP ကိုယူသင့်ပါတယ်။ ဥပမာ ကိုယ်က ကောလိပ် လျှောက်ချိန်မှာအင်ဂျင်နီယာလိုင်းလိုက်ချင်ပါတယ်ပြောပြီး ယူထားတာက AP Music Theory တို့ AP Psychology တို့ဆိုရင်လဲမကိုက်သေး ဘူး။ ဒီကျောင်းသားဟာ  AP Physics တို့ AP Maths တို့ကိုယူထားသင့်ပါတယ်။ ထိုနည်းတူဘဲ AP တက်ယူပြီး စာမလိုက်န်ုင်လို့ GPA 2 လောက်ပဲရနေရရင် ပုံမှန် class ယူပြီး GPA 3 ရတာက ပို တာသွားပါလိမ့်မယ်။ AP class တွေ တက်မယူခင်မှာ ကိုယ့်ကျောင်းက သတ်မှတ်ထားတဲ့ မပီးမဖြစ် class တွေကိုလဲ မလွတ်သွားရအောင်သတိထားရပါမယ်။ ဥပမာ physical education 1 credit တို့  social study credit တို့, reproductive health 1 credit တို့စသည်ဖြင့်ပေါ့။ AP class ယူသူတွေဟာ ကိုယ့်ကျောင်းက အပါတ်စဉ် လစဉ် စစ်ဆေးပြီး ရတဲ့ကျောင်း GPA အပြင် နှစ်ကုန်ရင် တနိုင်ငံလုံးမှာစစ်တဲ့  College board ကကျင်းပတဲ့ ( အစိုးရစစ်နဲ့ ကျောင်းစစ် ကွာသလိုမျိုးပေါ့) standardized AP test ကို ဝင်ဖြေခြင်ရင် ဖြေလို့ရပါိတယ်။ မဖြေမနေရတော့မဟုတ်ပါ။ အဲဒီကရတဲ့ grade ကိုတော့ ကျောင်း AP class မှာရတဲ့ GPA ထက် Ivy and top College တွေက ပိုယုံကြည်တန်ဖိုး ထားလေ့ရှိပါတယ်။ ကျောင်းရဲ့ GPA ကတကျောင်းနဲ့တကျောင်း အမှတ်ပေးပုံချင်း  နှိုင်းယှဉ်ရခက်လို့ပါ။ တွေးကြည့်ရင် မဆန်းပါဘူး။ 

နှစ်တိုင်း တတန်းပြီးတိုင်း ဘာသာရပ်အားလုံးရဲ့ အမှတ်တွေ (GPA ) ကိုပျမ်းမျှယူပြီး ကျောင်းသား တဦးဆီရဲ့cumulative/average GPA ထွက်ပါတယ်။ Ivy and top 10 သွားချင်တဲ့ ကလေးတွေဟာ GPA 3.8 နှင့်အထက်လောက် ရှိထားသင့်ပါတယ်။ တချို့ကျောင်းသားတွေက လူလည်ကျပြီး average GPA မြင့်အောင် ခက်တဲ့ဘာသာ( course) တွေရှောင်ပြီး အမှတ် ပေါပေါလောလော ရလေ့ရှိတဲ့ course တွေကိုရွေးယူ လေ့ရှိပါတယ်။ Admission officers တွေက ဒီ trick ကိုသိပါတယ်။ အမှတ်စာရင်းမှာ GPA number သာမက ဘာ course တွေ ယူထားလဲဆိုတာ ပါတော့ သိပ်ဖြီးလို့မရပါဘူး။ မသိမသာလေး လွယ်တဲ့ အတန်းတခု လောက်ယူထားတာကိစ္စ မရှိပေမဲ့ အဲလ်ုမျိုးအတန်းတွေ ကြီးဘဲ ၃-၄ခု ယူထားရင်တော့ admission officer တွေက အထာပေါက်သွားမှာပါ။ 

GPA နဲ့ပါတ်သက်လုံ့ ကြုံလို့ ဗဟုသုတလေးပြောပါအုံးမယ်။ USA မှာ ထုံးစံအတိုင်းက တကျောင်းလုံးမှာ GPA အမြင့်ဆုံးနဲ့အောင်တဲ့ကျောင်းသားကို Valedictorian,  ဒုတိယ GPA အမြင့်ဆုံးကျောင်းသားကို Salutatorian ဆ်ုတဲ့ဆု/နံမည်ပေးပါတယ်။ မြန်မာလို ဆိုရင်တော့ အဆင့် ၁  နဲ့ ၂ ထွက်သူတွေပေါ့။   ဒါပေမဲ့ဒီကကျောင်း တွေကအထက်မှာ ရှင်းပြတဲ့အတိုင်း ကိုယ်ယူတဲ့ course တွေပေါ်တည်ပြီး GPA ကိုကစားလို့ရနေတယ်လေ။ ဒါကြောင့် ခုနောက်ပိုင်း ကျောင်း တော်တော် များများက အသုံးမဝင် ပါဘူး ဆိုပြီး Valedictorian, Salutatorian ပေးတဲ့စနစ်ကိုဖြုတ်ပြီး top 10 students in the graduating class ဆိုပြီးဘဲ recognize လုပ်လာတာ များလာပါပြီ။

MIT – Boston.

၂။ တနိုင်ငံလုံးစံထားသော  ( standardized tests) အစိုးရစစ် စာမေးပွဲ များနှင့် ထို အမှတ် တို့ အရေးပါမှု:

SAT နဲ့ ACT စာမေးပွဲများကိုဆိုလိုပါတယ်။ SAT ကပို လူသိများပါတယ်။ Midwest ကောလိပ်များက ACT ကိုပိုယဉ် ပါးပါတယ်။ SAT ဖြေတာကပို အသုံးတဲ့ပါလိမ့်မည်။ ကျောင်းက counsellor တို့ College tour သွားရင် ရှင်းပြ တဲ့ သူတွေကတော့  SAT scores ကိုသူတို့က အရမ်းအရေးမထားဘူး။ SAT အမှတ်ကောင်းတိုင်းလဲ ဝင်ခွင့်ရချင်မှရတာ စသည်ဖြင့် အမြဲ ပြောပါတယ်။ နဲနဲ တော့မှန်ပေမဲ့ နားမယောင်ပါနဲ့။ ဘာကြောင့်လဲဆိုတာ နောက်ကျ ထပ်ရှင်းပါ မယ်။ ကျောင်း တကျောင်း နဲ့ တ ကျောင်း ပေးထားတဲ့ အမှတ်(GPA) က နှိုင်းယှဉ်ရခက်တဲ့အတွက်အစိုးရစစ် သဖွယ် ဖြစ်သော SAT စာမေးပွဲ အမှတ်ကို လဲ ပြန်ကြည့်ရတာဖြစ်ပါတယ်။  

SAT က General နဲ့ Subject tests တွေရှိပါတယ်။ SAT subject test တွေက မဖြေမနေရမဟုတ်ပါ။ ဒါပေမဲ့ Ivy နဲ့top 10 သွားချင်တဲ့ ကလေးကတော့ အနဲဆုံး subject test ၂ခုလောက်ဖြေထားသင့်ပါတယ်။  SAT Physics, SAT Biology စသည်ပေါ။ SAT general က English နဲ့ Maths ကိုဘဲစစ်တာဖြစ်ပြီး တပိုင်းကို အမှတ် ၈၀၀ စီနဲ့ အားလုံးအမှတ် ၁၆၀၀ ပေးပါတယ်။ SAT ကိုတာဝန်ယူ ကျင်းပပေးတာက college board ဆိုတဲ့ အဖွဲ့အစည်း ဖြစ်ပြီး တလခြားခန့်စီနဲ့  တနှစ် ကို ၆-၈ ခါလောက်ကျင်းပပါတယ်။ စာမေးပွဲကို ကြိုက်သလောက် တကြိမ်ထက် မက ဝင်ဖြေနိုင်ပါတယ်။ တက္ကသိုလ် လျှောက်ရာမှာ အကောင်းဆုံး/အများဆုံး အခေါက်က ရတဲ့ အမှတ်တခုကိုဘဲ ရွေးပို့ချင်ရင် အဲလို ပို့ ခွင့်ရှိပါတယ်။

ဘယ်စာမေးပွဲမဆို စာတတ်တဲ့အပြင် စာမေးပွဲကိုလဲ ဖြေတတ်မှ အမှတ် ပိုကောင်း ကောင်းရပါတယ်။ SAT လဲထိုနည်းတူပါဘဲ။ Practice tests တွေများများ လုပ်ဖို့လိုပါတယ်။ နောက်တခုက SAT ဟာ အထက်တန်းကျောင်းlevel ဘဲစစ်တာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား အများစုကို ဖြေနိုင်အောင်စစ်တာပါ။ ကောလိပ်အဆင့်, AP အဆင့် မေးခွန်းတွေ လုံးဝမပါ ပါဘူး။ ဥပမာ သင်္ချာမှာဆိုရင်  Algebra 1,2 နဲ့ Geometry အထိကဘဲမေးခွန်းထုတ်ခွင့်ရှိပါတယ်။  AP math level ဖြစ်တဲ့ Calculus တို့ Statistic တို့ထဲက မေးခွန်းတွေ ထဲ့မထားပါဘူး။ဆိုလိုတာက  ကိုယ်ဟာ advanced level / AP level math ယူထားပေမဲ့ SAT အမှတ်ကောင်းဖို့အတွက် ဆိုရင်တော့အဲဒါက သိပ်အကျိုးမ ရှိပါဘူး။ SAT tests တွေကို ပြန်ဆင်းပြီး ထပ်ခါတလဲလဲ ပြင်ဆင်ရမယ်ဆိုတာ မမေ့ပါနဲ့။English ကတော​ maths လောက်မစိမ်းကားဘူး။ Advanced/AP level English တွေပြီးထားရင် SAT English test မှာလဲ နဲနဲ သွယ်ဝိုက်ပြီး တပန်းသာပါတယ်။ 

ဒါကြောင့်မို့ SAT ဖြေနိုင်ဘို့ကို ၁၂တန်းထိ စောင့်နေစရာ မလိုဘူး။ ကျောင်းကောင်းကောင်း သွားချင်တဲ့ကလေးဟာ ၁၀တန်းနှစ် နွေကထဲက စပြင်ဆင်သင့်ပြီ။ ပြီးရင် ၁၁တန်းနှစ်စမှာ ကိုယ့်အခြေအနေသိ အောင်ပထမဆုံး တခါစဖြေသင့်ပါတယ်။ ပြီးရင် ၃-၄ လလောက်ထပ်ပြင်ဆင်, ကိုယ့်အမှတ်နဲတဲ့ area ကဘယ်ဟာလဲဆိုတာသုံးသပ် , အဲနေရာကိုဖိပြင်ဆင်ပြီး ၁၁တန်း နှစ်လယ်လောက်မှာ ဒုတိယတခါ ပြန်ဖြေသင့်ပါတယ်။ အဲဒီအမှတ် ကိုကြည့်, လိုအပ်တာတွေကို ထပ်ဖြည့်စွက်ပြင်ဆင်ပြီး ၁၁တန်းနွေမှာ တတိယ အကြိမ်လောက်ပြန်ဖြေသင့်ပါတယ်။Hopefully အဲဒီအကြိမ်ဟာ ကလေးအတွက် အမှတ် အများဆုံး အကြိမ်ဖြစ်ဖို့များပါတယ်။ လိုအပ်တဲ့ နေရာကို မပြင်ဆင်ဘဲ လတိုင်း စာမေးပွဲကြီးဘဲ ဝင်ဖြေနေရုံနဲ့တော့ အမှတ်က အလိုလို တက်လာမှာမဟုတ်ပါ။ ၁၂ တန်းရောက်ရင် ကျောင်းပြန်ဖွင့်ပြီးပြီးချင်း October လောက်မှာ ကောလိပ်ဝင်ခွင့် ဖေါင်တွေစဖြည့်ရပြီ။ အရမ်း လိုအပ်ရင်တော့ ၁၂ တန်းနှစ်စမှာ SAT ကို စတုတ္ထအကြိမ်ထပ်ဖြေ လို့အချိန်မှီနိုင် ပေမဲ့ နဲနဲ ကသီလို့ပါ။

အဓိကက Practice test တွေများများ လုပ်ပြီး ကိုယ်မှားတဲ့ နေရာတွေကိုပြန်ဖိဖတ် ဖို့ပါဘဲ။ Princeton review တို့Kaplan တို့က ထုတ်တဲ့ exam prep စာအုပ်တွေရှိပါတယ်။ မဝယ်တောင် ကျောင်းစာကြည့်တိုက် တွေမှာရှိတတ်ပါတယ်။ YouTube ပေါ်မှာလဲ SAT prep Khan video တွေ free ရပါတယ်။ ကျောင်းသားက ရှာပြီး လုပ်ချင်စိတ်ရှိဖို့ဘဲ လိုပါတယ်။ ပိုက်ဆံပေး တက်ရတဲ့  SAT prep ကျုရှင်တွေ တက်ရမလားလို့ ကျွန်တော့်ကို လာမေးလေ့ရှိပါတယ်။ တက်နိုင်ရင် အရှုံးမရှိပါဘူးလို့ ဖြေပေမဲ့ မတက်နိုင်ရင်လဲ ကလေးကသာ ရှာဖွေကြိုးစားချင်စိတ်ရှိရင်အထက်ပါ resources တွေရှိတဲ့အတွက် အားငယ်စရာ မလိုပါဘူးလို့ ပြောကြားလိုပါတယ်။ Plan ဆွဲရမယ်။ အချိန်ပေး ပြင်ဆင်ရမယ် – အဲဒီ နှစ်ချက်က ပိုအရေးကြီးပါတယ်။ အမှတ် ကောင်းချင်ရင် ၈-၉ လလောက် SAT ကိုseriously အချိန်ပေး ပြင်ဆင် သင့်ပါတယ်။

SAT အမှတ်ဘယ်လောက်ရရင် Ivy/ top 10 universities တွေဝင်ဘို့ သေချာမလဲလို့ မေးလေ့ရှိပါတယ်။ SAT အမှတ်တခုထဲ ကြည့်ဆုံးဖြတ်တာမဟုတ်တဲ့အတွက် ၁၆၀၀ အပြည့်ရတောင် အာမ မခံဘူးလို့ ဖြေကြပါတယ်။ အဲဒါလဲ မှန်ပါတယ်။ ဒါပေမဲ့ incoming class ရဲ့ ပျမ်းမျှ SAT scores ဆိုတာ ကျောင်းတိုင်းကို တက်ကြည့်/ ဂူဂယ်လုပ်ကြည့်လို့ရပါတယ်။ ဖွက်ထားလို့မရပါ။ Yale, Harvard, Stanford, Princeton အား လုံးဟာ ၁၅၄၀-၁၅၆၀ ပါတ်ဝန်းကျင်မှာရှိ ပါတယ်။ သူတို့ရဲ 25th percentile ဟာ ၁၄၉၀ ပါတ်ဝန်းကျင်မှာရှိပါတယ်။ ဆိုလိုတာကကျောင်းသား မှာ တခြားအရမ်းကို ထူးခြား ထူးချွန်တဲ့ အချက်တွေရှိရင်တော့ ၁၄၉၀ လောက်နဲ့ဝင်နိုင်ပေမဲ့ ကိုယ်ဟာ Tiger Woods လောက် Golf မရိုက်တတ်ဘူး, Malala လို Nobel ဆု ရမထားဘူးဆိုရင်တော့ ၁၅၅၀ လောက်တော့ ရထားသင့်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့  ဝင်သွားတဲ့ မြန်မာကလေး တွေလဲ အဲလောက်တော့အနဲ ဆုံးရကြတယ်။ Hard proof  တော့မရှိပါ။ Circumstantial evidence နဲ့ မောင်ဘဦးရဲ့ extrapolation, educated guess လို့ဘဲပြောပါရစေ။ လက်မခံချင်လဲရပါတယ်။ နမူနာ တခုပေးပါမယ်- SAT perfect score ၁၆၀၀ ( သူ့ခေတ်ကတော့၂၄၀၀ system နဲ့ပေါ့) ရရက်နဲ Ivy တခုမှမဝင်ခဲ့တာ တော့ Shaan Patel ဆိုသူကျောင်းသားတဦးပါ။  ဒါပေမယ့်အခုတော့ သူက PrepExpert ဆိုတဲ့ SAT exam prep ကုမ္ပဏီ ပြန်ထောင်ပြီး အရမ်းကျော်ကြားတဲ့ entrepreneur ဖြစ်နေပြီ။ သူများကို Ivy ဝင်အောင် သူကပြန်သင်နေတာလေ။ Shark tank TV show ရဲ့ Dallas Maverick ဘတ်စကက်ဘော အသင်းပိုင်ရှင် သဌေး Mark Cuban က သူ့ကိုရွေးပြီးတော့ ကုမ္ပဏီကို ငွေ ပန့်ပိုး ထောင်ပေးသွားတယ်လေ။ Ivy college တက်ရမှ ဘဝမှာ အောင်မြင်တာ မဟုတ်ဘူးဆိုတာ နောက်ထပ်နမူနာ ပြတာပါ။ နောက်တမျိုးရှုထောင့်က ကြည့်ပြန်ရင်တော့လဲ တခြား factor တွေက weak ဖြစ်ရင် , application process ကို coach လုပ်ပေးမဲ့လူမရှိရင် SAT perfect score ရပေမဲ့လဲ သူလျှောက်ခဲ့ တဲ့ Ivy အားလုံးက သူ့ကို reject လုပ်ခဲ့တာ သင်ခန်းစာ ယူစရာပါလို့။ စိတ်ဝင်စားလို့ မောင်ဘဦးက သူ့ biography ကို လျှောက်ဖတ်ကြည့်လို့ပါ။ သူ့အမှတ်နဲ့ full scholarship လဲပေးတဲ့ U of Southern California, Los Angeles မှာဘဲ သူတက်ဖြစ်လိုက်တယ်တဲ့။ 

ထိုနည်းတူဘဲ SAT score တခုထဲကိုပဲကြည့်ပြီး ငါတို့က ရွေးတာမဟုတ်ဘူးဟေ့ လို့  admission officer တွေကpolitically correct ဖြစ်အောင် အော်နေပေမဲ့ မောင်ဘဦး တို့ လို first generation immigrant တွေအနေနဲ့ မှတပါးတခြားလဲ အားထားရာမရှိတော့ ( ဥပမာ မိဘက Ivy ထွက်ကျောင်းသားဟောင်း  alumnus လဲမဟုတ်, ကျောင်းကိုလဲ ငွေမလှုထား,  board of trustee member တွေနဲ့လဲအမျိုးမတော် etc etc) SAT score ကို အရေးပေးသင့်တယ်လို့ မောင်ဘဦးက personally ယူဆပါကြောင်း။

How to get into Ivy Colleges: Part 1 – Ivy League နှင့် top 10 အမေရိကန်ကောလိပ်/တက္ကသိုလ်ဝင်ခွင့်ရလိုသူများလမ်းညွှန်။

နိဒါန်း

ဒီဆောင်းပါးကို ရေးမယ်မရေးဘူး ချီတုံချတုံ တော်တော်စဉ်းစားခဲ့ပါတယ်။ မရေးချင်ရတဲ့အကြောင်းရင်းကတော့မိမိသားသမီးဟာ top 10 university တွေဝင်မှဘဲ ပညာသင်ရကျိုးနပ်မယ်လို့အထင်မှားမှာစိုးလို့ကြောင့်, အရင်ခေတ်ကမြန်မာပြည်မှာလို သားသမီးကစိတ်ဝင်စားစားမစားစား ၁၀တန်းအမှတ်မှီရင်  ဆေးကျောင်းအတင်းတက်ခိုင်းတဲ့မိဘတွေလိုဖြစ်လာမှာစိုးလို့,  ပညာဆိုတာရှာဖွေ ချင်စိတ်ရှိတဲ့ ကျောင်းသားပေါ်ဘဲတည်ပြီး ဘယ်ကျောင်းမှာတက်ရမှ လို့မတည်တာမို့လို့,  Ivy လိုနံမည်မကြီးပေမဲ့ ပညာရေးရောအလုပ်ရရေးရော Ivy လိုရော Ivyထက်ကောင်းတဲ့ကျောင်းတွေရှိပါလားဆိုတာ သိမြင်ပြီး Ivy ကိုမလိုအပ်ဘဲစွဲလမ်းနေမှာစိုး လို့  စတဲ့ မကောင်းချက်တွေ,  လမ်းလွဲမှုတွေ ကိုကျွန်တော်ကမြင်ထားလို့ပါ။ထပ်ပြောပါမယ်။ ဘဝမှာအောင်မြင်ဖို့ Ivy colleges တွေတက်ဖို့ လုံးဝ လုံးဝ မလိုအပ်ပါ။ ကြိုးစားချင်စိတ်ရှိရန်သာလိုပါသည်။

ဒါပေမဲ့တခါတလေ ရေးချင်ရချင်းကတော့ ကလေးကလဲ စိတ်ပါကြိုးစားပြီး top 10 university တွေမှာတက်ချင်ရင် ကိုယ့်မြန်မာကလေးတွေ ကို ကုလားတို့ တရုပ်တို့ ကိုရီးယားတို့ ဗီယက်နမ်တို့နဲ့ယှဉ်ရင် မကျန်စေခဲ့ချင်လို့ပါ။တကယ်တော့ Ivy College ရူးတာဟာမြန်မာတင်မဟုတ် Asian တော်တော်များများဒီအစွဲရှိကြပါတယ်။ အဖြူတွေလဲ Asian လောက်သာမဆိုးပေမဲ့ Ivy ကျောင်းဆင်းတွေရဲ့ဘဝမှာ နဲနဲ အားသာချက်ကိုသ်မြင်ကြပါတယ်။ ကလေးကလဲစိတ်ပါတက်ချင်တယ်, ကိုယ်သင်လိုတဲ့ ဘာသာရပ်နဲ့လဲကိုက်တယ်ဆိုရင်, ကလေးကလဲ အမှတ်မှီတယ်ဆိုရင်  Ivy college တက်လို့ ဘာမှဆိုးကျိုးမရှိပါ။ အဲလိုလူတွေကို ကျွန်တော်ကူညီလမ်းညွှန်ချင်လို့ပါ။  Ivy education တွေကို ဝေဖန် လာရင်ကျွန်တော် ပြန်ဖြေရှင်းဘို့အစီစဉ်မရှိပါ။  Ivy Colleges တွေရဲ့ အားသာချက်/အားနဲချက်(pros and cons) ကို ငြင်းခုန် debate လုပ်ဖို့ ဦးတည်ရေးတဲ့ blog မဟုတ်ပါ။ မလိုသူကျော်သွား လိုသူဖေါ်စားနိုင်အောင်သာ ရေးပါတယ်။ 

အဲလိုစဉ်းစားမိတဲ့အခါမှာ ဒဲ့ပြောရရင်တော့ မြန်မာထဲမှာ အတွင်းကျကျ ကိုယ်တွေ့ ကို ပြန်ရှင်းပြနိုင်သူ မျိုး မတွေ့သေးဘဲ ကျွန်တော်မှမရေးရင် သိပ်ရေးမဲ့လူမရှိဘူးဆိုတာ မြင်လာပြန်တော့လဲ အများအကျိုးအတွက်ရေးချင်စိတ်ပေါက်လာပြန်ပြီး နောက်ဆုံးခုလိုရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့ ကျွန်တော်က ကိုယ့်ကိုယ်ကို ရေးဖို့ qualify ဖြစ်တယ်လို့ဆိုရသလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီလမ်းကိုသေသေချာချာလျှောက်ခဲ့ပြီး result ကလည်းကောင်းခဲ့တော့ ဘာတွေလိုတယ် လုပ်သင့်တယ်ဆိုတာတွေကို ရိပ်စားမိလာလို့ပါ။ သေချာထပ်ရှင်းပါမယ်။

ကျွန်တော့သမီးဟာ ၂၀၂၀ခုနှစ်မှာ အထက်တန်းကျောင်းပြီးလို့ Stanford University ကိုတက်ခွင့်ရပါတယ်။ ဒါတင်မက Harvard နဲ့ Yale ကလည်းဝင်ခွင့်ရပါတယ်။ သမီးက Stanford ကိုပိုကြိုက်လို့ ကျန်တဲ့၂ခုကိုမယူပါ။Stanford မှာလဲ ကြိုပေးတဲ့ early admission processes နဲ့ဒီဇင်ဘာလထဲက သမီးက အဖြေသိရပြီးသားပါ။ ဆိုလိုတာက ကံကောင်းပြီး Ivy Colleges တွေအကုန်လိုက်လျှောက်ပြီးမှ ကျောင်းတကျောင်းကျောင်းနဲ့ချိတ်သွားတဲ့ကျောင်းသား မျိုးမဟုတ်ပါ။ သမီးရဲ့ CV/ Resume/ application ဟာ strong ဖြစ်ကြောင်းထင်ရှားနေတာမို့ သူတို့( admission officers) ဘာတွေ ကြည့်တတ် လိုချင်တတ်လဲဆိုတာ ကျွန်တော်က နဲနဲ မှန်းလို့ရနေပါပြီ။ နောက်တခုက ကျွန်တော်နဲ့ သမီးကလဲ ၄နှစ်လောက်ကြိုပြီး ၉တန်းတက်ကထဲက ကောလိပ်လျှောက်ဖို့ကို စီမံကိန်းချ, လိုအပ်တာတွေကို လေ့လာ research လုပ်ခဲ့ကြပါတယ်။ အချိန်ပေးမယ် အင်္ဂလိပ်လို ဖတ်မယ်ဆိုရင် ကောလိပ်ဝင်လမ်းညွှန်စာအုပ်, ဆောင်းပါးတွေ ရိုက်သတ်မကုန်အောင်ရှိပါတယ်။ ထိုလိုလူတန်းစားတွေအတွက် ကျွန်တော့ဆောင်းပါးက သိပ်အရေးပါမှာမဟုတ်ပါ။ ကျွန်တော်ကလဲ ထိုလူတွေအတွက်မရည်ရွယ်ပါ။ သိလိုတဲ့မြန်မာမိဘများကိုသာရည်စူးပါတယ်။ ကိုယ်ချင်းစာလို့ပါ။ ကိုယ်တွေ လက်ထက်တုံး ကလဲ စာအုပ်တွေလိုက်ဖတ်, အသိတွေထဲက သမီးထက်အတန်းကြီးသူတွေ top ten university ဝင်သူတွေကို ဘယ်လိုပြင်ဆင်ကြသလဲဆိုတာတွေကိုလိုက်မေးမြန်းစုံစမ်းခဲ့ပါတယ်။  Privacy ကြောင့်နံမည်တော့မတပ်ပါ။ ဒါပေမဲ့ ထိုကျောင်းသူကျောင်းသားလေးများကိုကြည့်ရင်လဲ Ivy ကျောင်းတွေကဘာကို လိုချင် လဲဆိုတာနဲနဲ အိုင်ဒီယာ ရေးရေးလေးရလာပါတယ်။ ဒါပေမဲ့ကြိုပြောပါမယ်။ ဖြတ်လမ်း , အလွယ်လမ်းမရှိပါ။ အဲဒါကိုမှသိချင်ရင်တော့ အချိန်ကုန်ခံပြီး ဒီဆောင်းပါးဆက်မဖတ်ပါနဲ့။ ကလေးကိုယ်နှိုက်က လိုချင်ကြိုးစားမှဖြစ်ပါမယ်။ အားထုတ်ရကျိုးနပ်အောင်သာ ဒီဆောင်းပါးကလမ်းညွှန်နိုင်ပါလိမ့်မယ်။ ထပ်ပြောပါမယ်  don’t continue reading this blog if you are expecting to find a short cut for there is none in this blog. သူများထက်ပိုကြိုးစားရပါတယ်။

ကျွန်တော့်စာရေး ဝါသနာကို ခင်သူတချို့သိပါတယ်။ လွန်ခဲ့တဲ့ ၁၅ နစ်ကျော်ကလဲ မြန်မာပြည်မှ ပြည်ပထွက်လုပ်ကိုင်ပညာရှာလိုသူ ဆရာဝန်ငယ်များအတွက်လမ်းညွှန်အနေနဲ့ နိုင်ငံပေါင်းစုံ မှာ ဆေးလောကရဲ့ training and work opportunities ကို နှိင်းယှဉ်ပြပေးထားတဲ့ ဆောင်းပါးရှညိကြီးတခု ၃-၄ပိုင်းခွဲပြီး ရေးခဲ့တာဟာ အသုံးကျတယ်ဆိုပြီး အတော်လူကြိုက်များခဲ့ပါတယ်။ အဲဒီဟာကတော့ အင်္ဂလိပ်လိုပါ။ ” In search of a promised land, the Burmese medical nomads” ဆိုတာ ဂူဂယ်လုပ်ကြည့်နိုင်ပါတယ်။ ခုလဲ ၄ ပိုင်းလောက်ခွဲရေးရပါလိမ့်မယ်။လွတ်လပ်စွာ share နိုင်ပါတယ်။ Cut and paste တော့မလုပ်စေချင်ပါ။ မူလစာရေးသူပျောက်သွားမှာစိုးလို့ပါ။Creditလိုချင်တာထက် facts တွေကို အယူလွဲ, အဓိပ္ပါယ်ကောက်လွဲမှာစိုးလို့ပါ။ share ဆိုရင် လိုအပ်ရင်မူလစာရေးသူက comment တွေကို လိုက်ပြီး ဖြေရှင်းပေးလို့ရသေးလို့ပါ။ အကျိုးမရှိကန့်လန့်တိုက် comment တွေတော့ရှင်းဖို့အချိန်ပေးမှာမဟုတ်ပါ။ အသုံးမတဲ့သူတွေကျော်သွားကြပါ။ facts/ အကြောင်းအချက်များ လိုအပ်မှားယွင်းလို့ ထောက်ပြခြင်းမျိုး ကိုတော့ အချိန်မရွေးကြိုဆိုပြီးမှားနေတာကိုပြင်ဖို့ ဝန်လေးမဲ့သူမဟုတ်ပါ။နောက်ဆုံးတခုကတော့ affirmative action ရဲ့ပံ့ပိုးမှုနဲ့ ဝင်ခွင့်ရတဲ့ နည်းလမ်းကိုတော့ ကျွန်တော် ဒီဆောင်းပါးမှာbeyond the intended scope မို့ဆွေးနွေး ညွှန်ပြမှာမဟုတ်ပါဘူး။ 

Ivy League ထဲမှာပါတဲ့ ကျောင်းတွေကတော့ Brown University, Columbia University, Cornell University, Dartmouth College, Harvard University, University of Pennsylvania, Princeton University နဲ့ Yale University တို့ဖြစ်ပါတယ်။ အကုန်လုံး Northeast USA မှာရှိပြီး နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘဝမှာ ရှိစဉ်က ဖွင့်ခဲ့တဲ့ကျောင်း ဟောင်းဟောင်းကြီး  တွေပါ။ နောက်ပေါက် Stanford University ဟာ Ivy League ထဲမှာမပါပါ။ သူကPalo Alto လို့ခေါ်တဲ့ San Francisco နားကမြို့လေးမှာ ရှိပါတယ်။ သို့သော် ကျောင်းဝင်ခွင့်နှုန်းအနဲဆုံး/အခက်ဆုံးနဲ့ USA ရော ကမ္ဘာမှာပါ စာရင်းပြုစုတိုင်း prestigious အဖြစ်ဆုံးထိပ်ဆုံးမှာ သူတလှဲ့ ကိုယ်တပြန် ရှိနေလေ့ကတော့ Harvard နဲ့ Stanford တို့ဖြစ်ပါတယ်။ Stanford က STEM လို့ခေါ်တဲ့ သိပ္ပံနည်းပညာ တွေမှာနဲနဲပိုအားသာပြီး Harvard က ဥပဒေရေးရာ, နိုင်ငံရေး , liberal arts ဘာသာရပ် တွေမှာနဲနဲပိုအားသာပါတယ်။

Ivy ကျောင်းတွေထဲမှာတင် ဝင်ဖို့ခက်တာနဲ့ prestigious ဖြစ်တာကိုယှဉ်လိုက်ရင် အုပ်စု၂ခုကွဲနေပါတယ်။Columbia, Harvard, Princeton, U Penn နဲ့ Yale က ကျန်တဲ့၃ခုနဲ့စာရင် နဲနဲပိုဝင်ခွင့် ခက်လေ့ရှိပါတယ်။ ပိုPrestigious ဖြစ်တယ်လို့ယူဆခံရ ပါတယ်။  အဲဒီအပြင် Ivy နည်းတူ ဝင်ဖို့ခက်, prestigious ဖြစ်ပြီးနိုင်ငံရဲ့ top 10 schools ထဲမှာပါတယ်လို့ ယူဆခံရတဲ့နောက် ကျောင်း ၂-၃ ခု ကတော့ Massachusetts Institute of Technology ( MIT) , California Institute of Technology ( CalTech) နဲ့ University of Chicago တို့ပဲဖြစ်ပါတယ်။ အဲဒီနောက်top 15 to 20တို့,  top 25 တို့ကတော့စာရင်းပြုသူပေါ်တည်ပြီး ဘယ်ကျောင်းတွေပါတယ်ဆိုတာ နဲနဲစကွဲပြားအငြင်းပွားစရာလေးတွေရှိလာပြီမို့ ဒီဆောင်းပါးထဲမှာ မဆွေးနွေးတော့ပါ။ နောက်ဆုံး publicly available data အရ ၂၀၁၈ မှာ ကျောင်းလက်ခံ နှုံးထားတွေကတော့ Stanford 4%, Harvard and Princeton 5%, Columbia and Yale 6%, CalTech and MIT 7%, Brown and U Penn 8%, Cornell 11% တို့ဖြစ်ပါတယ်။

ကောလိပ်ကျောင်းလျှောက်မှု အချိန်ဇယား (timeline)

USA မှာ အထက်တန်းကျောင်းက ၉-၁၂ တန်း ၄နှစ် တက်ရတာ ဖြစ်ပါတယ်။  Freshman, Sophomore, Junior နဲ့Senior နှစ်တွေလို့ ပိုလူအသုံးများပါတယ်။ Top 10/ Ivy College တွေဝင်ခြင်ရင် ၉တန်းထဲက ဘာလုပ်မယ်, ဘာclass/courses တွေယူမယ်ဆိုတာ စဉ်းစားစီစဉ်သင့်ပါပြီ။ အဲလို စီစဉ်မှ တကယ်ပိုအရေးကြီးတဲ့  ၁၁-၁၂တန်းကျရင် ကိုယ်ယူသင့်တဲ့ class တွေယူနိုင်မှာဖြစ်ပါတယ်။ Advanced Placement လို့ခေါ်တဲ့ AP class အနဲဆုံး ၆-၇ခုတော့  high school သက်တမ်းမှာ ယူထားပြီးဖြစ်သင့်ပါတယ်။ ဒါပေမဲ့ တချို့ AP တွေက ယူချင်တိုင်း ယူလို့မရပါဘူး။ Prerequisite class လို့ခေါ်တဲ့ သူ့မတိုင်ခင် အောင်ပြီးသား course တွေရှိရပါမယ်။ ဒါကြောင့်မို့ လိုမယ်ထင်တဲ့ class တွေကို ၉-၁၀ တန်းမှာ ရွေးယူထားသင့်ပါတယ်။ နောက် extracurricular လို့ခေါ်တဲ့ အသင်းအဖွဲ့လှုပ်ရှားမှုတွေ, student government လို့ခေါ်တဲ့ ကျောင်းကောင်စီ တွေမှာပါဝင်လှုပ်ရှားချင်ရင်လဲ ၉တန်းလောက်ထဲက အသင်းဝင်အနေနဲ့ စပါဝင်ထားမှ ၁၁-၁၂ တန်းမှာ ကိုယ်က ခေါင်းဆောင်ပိုင်းနေရာ( leadership position) ကို ဝင်အရွေးခံပြီး ရဖို့ အခွင့်အလမ်းရှိမှာဖြစ်ပါတယ်။ 

ကျောင်းလျှောက်တဲ့ ဖေါင်တကယ်စဖြည့်, စာစီစာကုံးတင်, အမှတ်စာရင်းတွေ ​ထောက်ခံစာတွေစပို့ရတာတော့ ၁၂တန်းရဲ့ September- November ၃လလောက်အတွင်းမှာလုပ်ရပါတယ်။ ဒါကြောင့်မို့ အဲဒါတွေကို အချိန်မှီအောင်၁၁တန်းနောက်ဆုံးထားပြီး SAT/ ACT စာမေးပွဲ တွေကိုဖြေထားသင့်ပါတယ်။ စာမေးပွဲတွေက အများဆုံးအခေါက်မှာရတဲ့အမှတ်ကို ရွေးပို့လို့ရတာမို့ ကျောင်းသားအများစုက အဲဒီစာမေးပွဲတွေကို ၂-၃ ခါ ထပ်ထပ်ဖြေကြတာမို့အချိန်ခွာပေးထားသင့်ပါတယ်။ ပုံမှန်အားဖြင့်အဲဒီစာမေးပွဲတွေက တနှစ်ကို ၆-၈ ခါလောက်ကျင်းပပေး ပါတယ်။ကျောင်းလျှောက်ရာမှာ ကျောင်းဝင်ခွင့် စာစီစာကုံးက ၁-၃ပုဒ်လောက်ရေးရတာမို့ ၁လလောက်အချိန်ပေး အိုင်ဒီယာမွေး/ရွေးပြီးခေါင်းထဲမှာ စာစီထား အချိန်ပေးသင့်ပါတယ်။ ၁၂ တန်းရဲ့ ဒီဇင်ဘာ လဆန်းမှာ ဝင်ခွင့် ဖေါင်ပိတ်လေ့ရှိပြီး မတ်လကုန်မှာ ကျောင်းဝင်ခွင့်တွေ ကျေညာလေ့ရှိပါတယ်။ Early Action/Decision စနစ်နဲ့ဝင်လျှောက်ရင်တော့ ကိုယ်လိုချင်တဲ့ကျောင်း ရမရကိုဒီဇင်ဘာလကုန်မှာ သိရပါတယ်။ နောက်ပြီးတော့ ၁၁တန်းအောက်တိုဘာမှာ တနိုင်ငံလုံးကကျောင်းသားတွေ မဖြေမနေရ  SAT အငယ်စားဖြစ်တဲ့ PSAT ကိုဖြေရတယ်။ SAT ပြင်ဆင်နေပြီးသားဖြစ်ရင် PSAT ကိုသပ်သပ်ပြင်ဆင်စရာမလိုတော့ဘူး။ PSAT အမှတ်ကို ကြည့်ပြီး ၁၂တန်းမှာNational Merit Scholarship လျှောက်ခွင့်ရှိမရှိကိုလဲ ဆုံးဖြတ်တာမို့ပါ။  ခြုံပြောခြင်တာတော့ ၁၁တန်းနောက်ဆုံးထားပြီး SAT ကို လေးလေးနက်နက်ပြင် ဆင်သင့်ပြီ။ ၁၀ တန်းနွေကစရင်ပိုကောင်းတယ်။

A Song for Myanmar

(This story is dedicated to the youths of Myanmar who risked their lives during the 1988 uprising. Many perished on the streets of Rangoon and in the jungles of Thai-Myanmar border. Many eventually relocated to third countries and some discovered love and soul mates along the way. The story was written in the winter of early 2012 when the secretary Clinton made a historic trip to Myanmar. Since then, further changes had taken place in the political landscape of Myanmar and sadly history may be repeating again with the 2021 military coup, birth of PDFs and the recent Russian invasion of Ukraine reversing the course of Glasnost. Some of the narrative in the story may seemed a bit outdated but the general theme and the characters in the story still ring true.) 

I follow the Moskva

Down to Gorky Park

Listening to the wind of change:

Those are the opening lines of one of Maung Ba Oo’s favorite songs, “Wind of Change” by the German band “Scorpions”. Of course, it is preceded by the famous “whistle” chorus. Supposedly the band’s front man Klaus Meine wrote this song during his visit to Moscow in 1989 in a tribute to the Perestroika and Glasnost fever that was sweeping across the Russian landscape under Mikhail Gorbachev at that time. He said he was following the river Moskva heading down to the famous Gorky Park while listening to the wind of change all the way long. How befitting? It was an instant hit and also became a song that Ba Oo had immensely enjoyed while wondering when he could sing a similar song for his country too.

Buddhism teaches that “Nothing is permanent”. He sincerely hopes that it applies true to the recent changes in his motherland Myanmar which is formerly known as Burma. It has been long overdue. The winds of change took place in the rest of the world quite a while ago starting from the collapse of the Berlin Wall to the end of the communism, to the fall of many dictatorial regimes in the Eastern Europe and capping with a recent Arab Spring in 2011. And for once it seemed Myanmar too was heading in the same direction with the democracy movements in 1988 that he had participated. Many had thought Myanmar would be joining the rest of the world during the last few days of the cold war. But the uprising was brutally crushed and subsequently things became even worse than the former socialist cum military regime of 1962-88. Yet the glimmer of hope had always been the resilience of his countrymen and women led by Daw Aung San Suu Kyi, the activist, who was put under house arrest for close to 16 of the last 23 years. For most of the Myanmar people, she is simply known as “The Lady”. But the current crop of Myanmar generals who had formed a civilian government a year ago seemed more reform minded than before leading to a recent shift of political winds in Myanmar. Are we finally witnessing a “Myanmar Perestroika”? Is the “military dictatorship” in Myanmar entering its final chapters? He is cautiously optimistic that a new era may be ushering in. Will he be able to hum his favorite song “Wind of Change” all once again? And how about his own intimate moments of that era? Suppressed memories of the past two decades escaped to the realms of the present day. But a little synopsis of recent changes in Myanmar has to come first to give a perspective to those who are unfamiliar with the country.

Moscow, Russia.

For starters, the nightmare began in 1962 when General Ne Win came into power following a military coup. Since then and till 1988, there were many instances where the citizenry came up protesting his dictatorship but none ever came close to toppling him and his sham socialist government till 1988 at which point people thought they had finally seen the dictatorship at its deathbed. But they were inexperienced, fractious, disunited and perhaps euphoric. Or the military was more brainwashed than they had believed. Another coup by the army ended the uprising by brutally shooting down thousands of protesters. Daw Su (Aung San Suu Kyi), the daughter of the national hero General Aung San who fought against the British imperialism, was one of the main opposition leaders if not the main one. But she had just returned to Myanmar the previous year from decades long stay in overseas after getting married to an English man and raising a family in England. She hadn’t laid down her roots deeply yet in a sense. But she decided to continue fighting for the people of Myanmar instead of returning to her cozy family life in the west. She paid dearly for that decision. For the next 23 years, she and her political party were constantly harassed by the military government led by successive generations of generals. She was put under house arrest by the ridiculous laws that could only exist in a country like Myanmar. She was offered a permission to leave the country at any time should she desired. But she knew that she would never be allowed back once she had departed Myanmar. So, she put up with the hardships and stayed on. She was almost assassinated at one point. Her sons grew up without a mother during those times and her husband passed away from cancer in her absence. Of course, all those sacrifices didn’t go unnoticed. Where many other opposition leaders faded away or retired one after another, her star kept on shining year after year. The whole country adored her. She was offered countless awards from the international community including a Nobel Peace Prize in 1991. She had inspired a whole generation of world’s leaders. Yet the military government remained unfazed throughout those years. Sanctions from the west didn’t flinch them. United Nations was powerless despite repeatedly sending special envoys. As years passed it seemed Myanmar was going to witness the leader waste away by simply growing old. Or so most thought till the early 2011.

The military held a rigged election in November 2010. Surprisingly the new civilian government led by a former fourth tier general, U Thein Sein, had broken away from the shadow of the past generals and had introduced reforms, albeit in baby steps. They first released Daw Su followed by a few other political prisoners. They had given more media freedom allowing citizens to criticize the government, again in Lilliputian natures. But those meant a lot in the tumultuous short history of modern Myanmar given how repressive the previous regimes were. Granted there still are thousands of political prisoners behind the bars. They have a track record of breaking promises and cheating the international community. They had played the bad cop, good cop scenario before (for example between General Khin Nyunt and the other hardliner generals) fooling the rest of the world. But the single most difference this time is U Thein Sein’s public recognition of Daw Su and the admission that he had talked to her and that he was willing to work with her for the benefit of the country during the recent ASEAN Bali conference. Previously Daw Suu was treated as if she didn’t exist and most often referred to as “that woman” in the official media. Of course, the equal credit goes to Daw Su. Gone are the early days of her party which had publicly asked for a Nuremberg style court martial of the former military leaders for their handling of 8888 affair where many protesters were shot to death. That had made the hard liners in the military very queasy and provided no room for the moderate military leaders to maneuver or negotiate. This time she had kept a firm stance but a low profile. She had remained mum about her former staunch demands such as the present government be dissolved or her party be handed over the power to form a new government since it won the election in 1990 the results of which the former military regime had nullified. And despite her many years of detention, she remained magnanimous and offered her availability for discussion on national reconciliation at any time. For the record, U Thein Sein’s government still has a long way to go from achieving the state of a truly reformed institution or a real Perestroika before he can be bestowed with the title Gorba Sein! And the constitution based on which this civilian government was elected still had many flaws.

But encouraged by such a shift in the political winds, the Obama administration and the United States had taken a huge gamble in deciding to reward Myanmar in their carrot and stick strategy. They didn’t want Myanmar to become a China’s minion either. First came the East Asian and Pacific Affairs Assistant Secretary Kurt Campbell’s visit to Myanmar followed by the nomination of Derek Mitchell as Special Representative and Policy Coordinator for Myanmar in mid-2011. But the most profound policy shift came in November 2011 when President Obama announced that he will be sending the secretary of state Hillary Clinton to Myanmar. That was huge since USA didn’t even have an ambassador anymore in Myanmar. In protest of the oppressive military regime, the United States had long downgraded its representation in Myanmar by recalling its ambassador in the 90s. Its highest diplomatic officer in Myanmar had been a Charge d’Affaires. Economic sanctions had been put in place and the State Department had banned issuing visit visas to the high-ranking Myanmar government officials. The last time a high-ranking US government official such as a secretary of state visited Myanmar was fifty-five years ago by the then secretary John Dulles. So, this was historic. Finally in the first week of December secretary Clinton visited Burma for three days meeting with both U Thein Sein and Daw Aung San Suu Kyi. The graceful pictures of the world’s two most famous women hugging each other affectionately were plastered in the front pages of all the major newspapers and will ever be enshrined as wall posters at many Myanmar households. And Secretary Clinton was followed by a flurry of visits by other notables that included British Foreign Secretary William Hague, which was another first in the past fifty years and the billionaire activist George Soros within the past few weeks.

Understandably there are many doubters given the bad rap of the military regime. Some worried that the west and the opposition were giving in too soon and too much. But for  Ba Oo, this is the right path to be pursued. Look at how many decades Myanmar had lost already due to internal infightings? From the rice bowl and the most educated of the south East Asia to one of the world’s poorest countries in fifty years. Do we want to waste another twenty years remaining in a stalemate? A change of course is direly needed. He wants to be cautiously optimistic while standing fully behind Daw Suu. And he wants to be able to whistle his favorite song again, just like he was in England in the 90s. A walk down the memory lane became inevitable.

Following the 8888 uprisings, like many young students and intellectuals who had participated in the movement, he ran away to the Thai-Myanmar border with a dream of forming a student army when military started the crackdown. But life in the jungle was much tougher than expected for a city slicker like him. He then was a freshly minted idealist medical doctor who had graduated from the Institute of Medicine, Rangoon just the year prior. Revolutionary fever rather disappeared quickly when one had to battle malaria, soaking monsoon rains, constant hunger, lack of funds, political bickering among the fellow freedom fighters and a vastly outnumbered and out armed Myanmar Army in the jungles along the Thaungyin River (Moei River) and the Karen Hills on a daily basis. He very soon learned the bitter truth about the fatal flaw in their strategy too. It was that they would never be able to liberate the nation in this armed struggle format. The last straw was when his close friend platoon medic Tun Myint of ABSDF Regiment 102 was killed by a friendly fire in the Battle of Naw Ta. He swallowed the pride, admitted to himself that he is no Che Guevara and decided to quit then. He gave up the arms, slipped into Thailand via the Three Pagoda Pass, applied for a political asylum through the United Nations High Commissioner for Refugees (UNHCR) and was eventually relocated to England. He also decided to resume and focus on his medical career there.

It was the Christmas weekend of 1991 in England. By then he had passed the arduous Professional and Linguistic Assessment Board (PLAB) exam, suffered through the initial hardships of an immigrant doctor, earned his stripes and had finally secured a job working as a senior house officer at Cumberland Infirmary in Carlisle, a city in northern England. A lot of changes were taking place in the Eastern Europe then. The communism was in its last flicker. The Berlin wall had come down reuniting the two Germanys. Solidarity movement leader Lech Walesa had just become the president of Poland.  Perestroika and Glasnost were common household words. Gorbachev was more famous than Madonna. Befittingly the German band “Scorpions” had released its power ballad “Wind of Change” which became very popular at the discos especially as a song for the last dance. It became one of Maung Ba Oo’s favorite songs too.

Those days, the National Health Service (NHS) of England provided free accommodation to its junior doctors who were singles. Usually, it would be a tiny flat (apartment) with 3-4 bed rooms, a shared common area, a kitchen and a few bath rooms. Maung Ba Oo’s team was on call for that Christmas weekend of 1991. Everyone except the on-call persons had left the hospital for the holidays. His house officer for the past three months was a German girl named Kristin with whom he had grown quite close to. Unlike in the USA, UK teams were small and remained the same for 4-6 months whereas the team changes every month in USA. No wonder the house officers (interns) and the senior house officers (residents) often became quite close. Living in the hospital accommodation provided a college dorm atmosphere and improved the camaraderie too. In many nights it would not have been unusual to find a houseman knocking a couple of doors at 10 o’clock to start up an impromptu party. Half of the party goers were student nurses from the nearby nurses’ residences. Such were the days.

The workload at the hospital had been light that day and both finished work in the wards quite early in the evening. The Casualty (British term for the ER) looked promisingly empty. They had expected a quiet night and decided to return to their rooms. Kristin who lived in a different flat had invited Ba Oo to come over to her place after dinner to watch a few classic Christmas flicks. He decided to bring along a bottle of wine. That night somehow his shower took a couple of minutes longer than the usual and he was also found to be suddenly searching for his cologne bottle which he had otherwise used only about once a month. Snowflakes were coming down on his way across the lawn that divided the two flats. As expected, none of her flat mates were there, visiting their families during the holiday season. They had the living room and the TV all to themselves. Kristin must have just come out of the shower too. Her brunette hair looked still wet. She complimented on his cologne and asked what brand it was. He was quite embarrassed since it seemed too obvious and also since he couldn’t remember the name of his own cologne. She looked very casual in jeans and a simple blouse. She took out a plate of Liverwurst Pate’ and some crackers. Ba Oo opened his Pinot Noir and they both plunked down on the living room sofa after settling the drinks and the food on the table. As usual, the movie “It’s a wonderful life” was on the TV. Both of them had watched the movie before and knew the story line. So, they paid only a casual attention to the movie and started chatting. By then they had somewhat gotten to know each other’s personal lives after working together for the past three months. She had a boyfriend in Germany and planned to return to Germany for good within the next few months. She met her boyfriend after the German reunification and he was from former East Germany.

Hence the fall of Berlin wall had a special meaning to her. But she had also claimed that similar to the country’s reunification hiccups, the relationship had been more challenging than she had expected. They hadn’t met each other for a few months and she didn’t want to elaborate further. As for Ba Oo, he couldn’t tell much. He pretty much felt like a vagabond at that point, not knowing anybody in England. He didn’t know where he would end up eventually, returning to Myanmar if the political situation improved or move to America or to try to stay put in England. He had not been able to reach any of his family members for a few years. She was quite familiar with Myanmar and also of his past life as a student rebel, a topic that came up quite regularly in the conversations. She was more optimistic than him on reforms coming to Myanmar very soon, just like in her boyfriend’s country.

The topics were much more varied that night. They talked about the colleagues at the hospital, some light hearted gossips about other people, own hobbies, the site of the next hike they should go, food, music and movies while emptying the bottle of Pinot Noir between the two of them. It was getting close to midnight. Both had become a little tipsy. She would drift and leaned on his shoulder time and again. Next the song “Wind of Change” popped up in their conversation. Turned out it was one of her favorite songs too. Ba Oo mentioned that once his country become free and democratic, he would rewrite the lyrics as “I follow the Irrawaddy, down to Mandalay, listening to the wind of change”. Then he imitated the famous whistle. She chuckled and accused him of plagiarism but suggested they play the song as she had a CD of the album. She said it was a nice song for a slow dance. Somehow Ba Oo blurted out, “Then why don’t we dance to the song now?” Before he knew what he was doing, Ba Oo had turned off the light and was standing in the middle of the living room waiting for her to join him. Then suddenly the fear set in. What if she had taken this as an unwanted advance? This rejection was going to be quite painful. But to his pleasant surprise, she slowly got off the sofa, turned down the volume and joined him for the dance. She put her left hand on his shoulder and he had his right hand on her waist. In no time both were moving in harmony to the tune of music in near darkness. The only light came from the faint night lamp in her bedroom nearby. She rested her head on his shoulder with eyes closed. Her hair with a sweet citrus fragrance from the recent shampoo was brushing his face. Soon both bodies were locked in an embrace. She was warm and soft. He caressed her shoulders. She gently lifted up her face. Instinctively, he kissed her lips softly and found no resistance. They were sweet and warm. She responded in earnest. Two hungry hearts had met their equals. He held her even tighter. He kissed her passionately as if there were no tomorrow.

Outside the snow fall had become thicker. The crescent moon didn’t provide much of its usual silver-coated rays to ignite the night or bathe the room they were in. The whole world seemed to have stood still except for their heaving breaths. Even the music sounded mute. Occasionally they could hear the distant chime of the church bells. Finally, the song came to an end. Yet no one let go the other and they just didn’t care. Everything seemed to have drifted away in a slow motion. It was serene. The night was long and a journey had just begun.